နှင်းဦး

    ဂွမ်းဆိုင်နုနု
    ဖြူသားဥသို့
    တယုယုဆင်း
    မြေလွှာထုတွင်
    ကမ္ဗလာခင်းလို့
    သြော်...
    နှင်းဦးမမ
    အသင်ကား ၀ံ့စားလှချေ၏။





(ပဲလှော်ကြားဆားညှပ်သည့်
မှတ်တမ်းတင်ကဗျာလေးပါ)

15 comments:

thihanyein said...

ကဗျာကောင်းလေးတစ်ပုဒ်ကိုခံစားသွားတယ်
ဆရာသမားရေ....
ကောင်းတယ်ဗျို့....

sonesiyar.blogspot.com said...

နှင်းဦးမမက အစ်ကို့ရဲ့မွေးနေ့ပွဲကို လာရောက်ခစား ပြီး နှင်းပွင့်လို အဖြူရောင်မေတ္တာဓါတ်တွေ လာရောက် ဆက်သမလို့ တူပါရဲ့...

တက်လူငယ် said...

ပဲလှော်ကြားဆားညှပ်ပေမယ့်လည်း အရသာခံလို့ ကောင်းပါတယ်ဗျ။

မသက်ဇင် said...

ကဗျာလေးက
"နှင်းဦး"
လှလိုက်တာ--
ခံစားပြီးရင်ထဲအထိယူသွားပါတယ်--

ဝါ၀ါခိုင်မင်း said...

ဟတ်ဟတ် ချရာဝန်ကြီးက ကဗျာ စပ်တယ်တဲ့..
ရီစရာကြီး.. ၀ါးးဟားဟားး)

ကောင်းတယ်ဗျို့ လို့ မပြောပါဘူး. ဟဟ..
ဂဠန်ပဲဆားချက်တတ်တာ ဟုတ်ဖူး အလှတရားလဲ
ဆားချက်တတ်ကြောင်းပြတာကွ။ ဟဟ
နောက်တစ်ပုဒ်.. နောက်တစ်ပုဒ်... :P

စိတ်ဆိုးရင် အမွေဖြတ်မယ် ..ဒါပဲ.

အညတြ (ခေတ္တ နယူးယောက်ခ်) said...

အ ကို တော် အ လှ တ ၇ား က လဲ မမ ရှိ တာ ကိုး ဗျ။ ခု မှ သိ ပြီ မိ ပြီ ပေါ့ နော်။

- said...

လှလွန်းပါရဲ့
သူမရဲ့ အဆင်း
သူမရဲ့ သွင်ဟန်
သူမရဲ့ တင့်ဂုဏ်ကို
တွေ့ရရင်ဖြင့်
အလွမ်းဓာတ်ခံရှိသူအဖို့
ငေးမောရစ်အောင်
လှရက်ပြီလား
ဆောင်းဦးအလှ နှင်းမမရယ် .. ..

အားပေးလျက်ပါ
http://winzaw-mdy.blogspot.com

သက်တန့် said...

ပဲကြီးလှော်ကြားက ဆားက တယ်ကောင်းပဲကွ... :)

LittLe bIrD said...

အမယ် အမယ် ထူးထူးဆန်းဆန်းကဗျာတွေ ရေးလို့ ပါလား။ တော်ပါသေးရဲ့  ညလေး က ဘရာများ ဘုန်းကြီး ၀တ်တော့မို့ လားလို့ အဟဟ... ဖုန်းကြီး ၀တ် ရင် စ ဖို့ လူ တယောက် ရော့သွားမှာ ဆိုးလို့ ....

ပုလဲ said...

ဗျို့နှင်းဦးမမ ..အဲ ဟုတ်ပါဝူး...
ကဗျာစပ်ပါတယ်ဂျို့ ...
တယုယုဆင်းဆိုတာလေးကတကယ်လှတယ်
ကောင်းတယ်ဗျို့
နောက်ထပ်တွေရှိရင်လဲ အားပေးမယ်နော်
:D :P

Dream said...

အော်.. ဦးရီးတော် လိုင်းပြောင်းသွားတာလား...အဟားဟား

ကြည့်ဦး.. ဦးရီးတော်ရဲ့ကောင်မလေးတွေဖြစ်တဲ့
မနုနု၊မဖြူ၊မယုယု၊တို့က ကမ္ဗာသီးစားပြီး
မနှင်းဦးရဲ့အစ်မကို ပါ စားလှချေလားလို့ သွားပြောနေတယ်။ :P :P

အဟတ်အဟတ်.... ပဲလှော်ဆားညှပ်ထားတာဆိုတော့
အဟဲဟဲ... :P

sait phay yar said...

ကောင်းလှပါလားကဗျာလေးက

ညခင်းနှင့်လမင်း said...

ကဗျာလေးကောင်းတယ် ...နှင်းဦးကဗျာလေး

မှတ်တယ်ကိုအလှတရားရေ

နှင်းတွေနဲ့ နေပီ နှင်းကဗျာတွေနဲနေသေးတယ်နော်

များကြီးရေးသားနိုင်ပါစေ

အိမ် said...

တယ်ဆိုတဲ့စာပါလားဗျ။ကောင်းတယ်ဗျ
လုပ်ပါဦး နောက်ထပ်

အိမ်မက်ရှင် said...

နှင်းဦးမမ ဆိုတော့ ...
ကိုနှင်းဦးရဲ့ အမ လားဗျာ ... ???
(ခင်မင်မှုနဲ့ ကျီစယ်တာပါ ... ) ကဗျာလေး ကောင်းတယ် ...

ခင်မင်လေးစားမှုများစွာဖြင့်