TEN THINGS I HATE ABOUT MYSELF (TAG POST)


တက်ဂ်ကြွေး များကို ကလေးများက ဒိုင်ခံ တောင်းပေး ကြ၏။ လူကြီးများ ကတော့ မျက်စောင်းခဲလျက် ခုံသမာဓိပြုံး ပြုံးကြ၏။ သိကြသည့် အတိုင်း။ (အချို့က မုန့်မကျွေးဘဲ နေ၍ ဆန္ဒပြကြသည်။)

ခေါင်းစဉ်ကြီး ကို ကြည့်တော့ ကိုယ့်ကိုယ်ကို မုန်းမိသည့် အချက်(၁၀) ချက်။ အဟွန်းဟွန်း ဟွန့်ဟွင့် ... ပုခုံးလေးတွန့်။ ကွမ်းလေးမြုံ့ ။ အနို့. အနှီကဲ့သို့သော အကြောင်းအရာက တို့များနဲ့ ဘယ့်နှာလို ပတ်သက်နေ လို့လဲ။ တို့များက ကိုယ့်ကိုယ်ကို မုန်းမှ မမုန်းနိုင် သေးဘဲ..ဟာပဲ ဟာပဲ.. ။

အဲ့ဟယ်..အဲသလို သိပ်လေးလေးနက်နက် ကြီးလည်း တွေးနေလို့ မဖြစ်။ ခုမှ မုန်လာဥ လုပ်နေလို့လည်း ရတော့မည် မထင်။ အလွမ်းရမ်းတာ တို့ နက် မကောင်းတာတို့ ကလည်း ရေတို အလုပ်ဖြစ်ပေမဲ့ ရေရှည် အလုပ်မဖြစ်တော့တာ ကိုယ်တွေ့။ ဒီတော့ ရေးစရာ ရှိ ပြတ်ပြတ်သားသား ရေးတော့မည်ဟု ဆုံးဖြတ်ကာ အံကိုထောင်းကနဲ ကြိတ်လိုက်သည်။(မှတ်ချက်။ ။ ကီ သွင်းခြင်း)

တကယ်ရေးတော့ သိပ်မခက်။ သွယ်လျ ပါးလျားသည့် ဦးနှောက်ကို အရည်တစ်မျိုးနှင့် ဖျော လိုက်တော့ အနှစ်နှစ် အလလက အောင်းထားသည့် ဒေတာ တွေ (စာမျက်နှာ ပေါင်း နှစ်ဒါဇင် ကျော်ခန့်) တဖြောဖြော ထွက်ကျလာတော့၏။ (အရည်တစ်မျိုး=ကော်ဖီ)။ (ဟိုက် နာတော်တော် ဆိုးပါလား။ ဒါကြောင့် ပြောကြတာ ဖြစ်မည်။ ကိုယ့်ကိုယ်ကို ဝေဖန်ရေးဆိုတာ လိုအပ်တယ်လို့) ဘလော့ မျက်နှာကို ငဲ့ကွက်သော အားဖြင့် အကုန်ဖော်ပြဖို့ တော့ မဖြစ်နိုင်။ ပျင်းပျင်းရှိတာနှင့် အရေးကြီးသည့် အချက်လေး တွေကိုသာ နုတ်စ်ထုတ်ပြီး စပေါ့ ရိုက်ပေးလိုက်သည်။ အပိုင်ကျက်ပေတော့.. အဲလေ...ရှုလော့..

၁)လက်ရေးမလှခြင်း

၂)ဘောပင် မေ့တတ်ခြင်း

၃)မကြာခဏ နှာစေးတတ်ခြင်း

၎)မျက်စိမှုန်ခြင်း
(အဝေးကြည့်မျက်မှန်ကို စတိုင်မပျက်ရုံလေး တပ်ရသည်။ ဟိ...)

၎)ကိုယ့်ရုပ်ကိုယ် ဘယ်အခြေဆိုက်နေမှန်းမသိခြင်း
(သယ်ရင်း များက ဆံပင်လေး ညှပ်လိုက်ဆို ညှပ်သည်။ ခေါင်းဖီး ဆိုဖီးသည်။ ကိုယ့်ဖာသာ ဆိုမလုပ်။)

၅)ဇက်ကြော တက်တတ်ခြင်း

၆)ခရီးသွားလျင် ၀မ်းပျက်တတ်ခြင်း

၇)စိတ် မ၀င်စားသည့် သူများနှင့် ဟန်ဆောင် ပန်ဆောင်ပင် စကား မပြောတတ်ခြင်း

၈)စိတ်ဝင်စားစရာ တွေ့လျင် မျက်လုံးကြီးပြူးပြီး သရဲမရဲစီး သလို ကြည့်မိ နေတတ်ခြင်း(တော်ရုံတန်ရုံ စိတ်ဝင်စားလျင် မျက်မှောင် ကုပ်ရုံသာ ကုပ်သည်။ လွန်စွာ စိတ်ဝင်စားလျင် မျက်လုံးပြူးလာသည်။ မင်းပုံက တော်တော်ဆိုးတာပဲဟု သူငယ်ချင်းများက ဝေဖန်သည်။ ဝေဖန်ရေးကို လက်ကမ်းကြိုဆိုပါ၏။ ကိုယ့်ဖာသာကိုယ်တော့ လှသည်ထင်တာပဲ..ဟိ)

၉)တစ်ဦးချင်း ပြိုင်သည့် အားကစားများ ကိုလုပ်တိုင်း အလကားနေရင်း ရှူံးရှူံးသွားခြင်း။ (အဖွဲ့လိုက်လည်း မနိုင်။)

၁၀)ရောက်ရာ အရပ်မှာ ပျော်အောင်နေ၍ နောက်ကြောင်းကို ဆက်သွယ်ရမှာ ပျင်းလွန်းခြင်း။ ( နောက်ကြောင်း အေးသည်ပေါ့လေ..ရှင်းသည်ဟု မဆိုလို... ဟိ)

ပြီးပြီ။

နာမည်လှမှ ခင်တတ်သည့် ဂျပန်ရောက် မြန်မာ အားကစားမယ်လေး မမ၀ါမိစံနှင့် ဟိုနေရာလည်းဖား၊ ဒီနေရာလည်းဖားဟူ၍ ကိုယ့်ဖာသာ ပိုစ့်ရေးပြီး မဲဆွယ်ခဲ့ ဖူးသော ဗလာဒီမာ သက်ဆင် အိုဘားမား ကိုဖားကြီး (နာမည်ရှည်နေလို့ လူက တစ်ယောက်တည်းနော် ) တို့ခင်ဗျား။ အသင်တို့ တက်သော ပိုစ့်ကို ရေးသဖြင့် ကျွန်ုပ် ၏ နှမ်းစေ့ခန့်မျှ ဦးနှောက်ကလေး လုံးလုံး ကုန်သွားပြီဖြစ်ရကား ဦးနှောက် ပြန်လည် ဖြည့်တင်းရန်အတွက် မယ်လမင်း များများပါသော တရုတ် နို့မှုန့်များကို ယူခဲ့ကြလော့။ သူငယ်ချင်းများထဲတွင် ကိုယ်ခန္ဓာကြီးထွားအောင် လေ့ကျင့်နေသူတစ်ဦး ရှိလေရာ သူ့ဆီက နက်စ်ကော်ဖီနှင့် တရုတ်နို့မှုန့် လဲသောက်မလို့။

မှတ်ချက်။ ။ ဒုတိယ တက်ဂ်ဖြစ်သော မောင်ဂျယ်လီ ချောက်တွန်း ထားသည့် ကာတွန်းကားများ ပြန်လည် စုပေါင်း ကြည့်ရှုရေး တက်ဂ်ကို လည်း အားသော အချိန်တွင် ဒူးလေးနှံ့ပြီး ရေးသားတော့မည် ဖြစ်ပါကြောင်း...

:)မလာမီ ကြာမည် မျှော်။ :)





23 comments:

megumi said...

ဟ ဟ၊ စာကြမ်းပိုးတွေရဲ့ အရည်အချင်းတွေအကုန်ကိုက်ညီနေပါလား။ ကောင်းတယ် ဟိ ဟိ။

ဒါနဲ့၊ စကားမစပ်၊
"မျက်စိမှုန်တာ" ကိုယ့်ကို ကိုယ်မုန်းရတာလို့.....ပဲ။
ကြား၊ မကြားဖူးဘူး။ :P

မျက်စိမှုန်အောင် စာကြည့်ချင်တဲ့ စိတ်ကိုပဲ မုန်း၊ ကြားလား။ မောင်လေး။ :P

မမစကားနားထောင်၊ မျက်စိမှုန်လောက်အောင် စာမကျက်နဲ့။ ဟိ ဟိ။

sait phay yar said...

ကောင်းလိုက်တဲ့အရည်အချင်းတွေရှိတာဘဲ စောစောကတည်းကကျောပါတော့ အခုတော့ ဘောပင်ငှားရတော့မယ် :P

LittLe bIrD said...

၇)စိတ် မ၀င်စားသည့် သူများနှင့် ဟန်ဆောင် ပန်ဆောင်ပင် စကား မပြောတတ်ခြင်း
အဲဒါကြောင့် အဒုတလောစကားပြောတော့တာပေါ့လေ...မေးလ်ထဲဝင်ရင် ၀ါးခြမ်းပြားပါယူခဲ့
..............................

၈)စိတ်ဝင်စားစရာ တွေ့လျင် မျက်လုံးကြီးပြူးပြီး သရဲမရဲစီး သလို ကြည့်မိ နေတတ်ခြင်း(တော်ရုံတန်ရုံ စိတ်ဝင်စားလျင် မျက်မှောင် ကုပ်ရုံသာ ကုပ်သည်။ လွန်စွာ စိတ်ဝင်စားလျင် မျက်လုံးပြူးလာသည်။ မင်းပုံက တော်တော်ဆိုးတာပဲဟု သူငယ်ချင်းများက ဝေဖန်သည်။ ဝေဖန်ရေးကို လက်ကမ်းကြိုဆိုပါ၏။ ကိုယ့်ဖာသာကိုယ်တော့ လှသည်ထင်တာပဲ..ဟိ)
..
ဝါးဟားဟား...ရယ်ရတယ် မြန်ဖူးချင်လိုက်တာနော် အဲပုံကြီး...နောက်တခါ ဓါတ်ပုံရိုက်ထား ကြားလား ..ဒါပဲ... :P

ရဲရင့်နီ said...

မကြာခဏ နှာစေးတတ်ခြင်း..
ဒါဆိုရင် တော့ဆေးလာသောက်တော့..
ညီတော်လေးရေ...
မြန်မြန်လာ..

- said...

ဖတ်သွားပါတယ်

http://winzaw-mdy.blogspot.com

chitchin.blogspot.com said...

အံ မယ်.....အရေးကြီးတဲ့ အချက် မပါ ပါ့လား ...။ ဟင်း နာတိနေ တယ်နော....ကောင်မလေး လှလှ မြင် ရင် မကြိုက် ပဲ မနေနိုင်တာလေ...ဟာဟ။ ကိုယ့် ဟာကိုယ် လှချင်လို့ ခေါင်းဖီးတာကို သူငယ်ချင်း တွေ ကြောင်လို့ ယိုးမစွတ့် ပါနဲ့ အဲဒါကလွဲရင် ကျန်တာမှန်တယ်...ဟိ။

ပုလဲ said...

တို့များက ကိုယ့်ကိုယ်ကို မုန်းမှ မမုန်းနိုင် သေးဘဲ..ဟာပဲ ဟာပဲ.. ။ ဘယ်လိုလေးပါလိမ့်နော် ...
ရေတို ရေရှည် ဦးဦးနဲ့ကျမှရေတိုဆိုတာပေါ်လာတော့တယ် ခက်၏ ...
၈ က ထပ်ခါထပ်ခါကိုဖတ်တယ် သဘောကျလို့ ရယ်ရတယ် အဲဒီပြူးနေမယ့်ပုံ ကိုယ့်ကိုယ်ကိုတော့လှတယ်တဲ့ ဟိဆိုတာကလည်းပါလိုက်သေး မလွယ်မလွယ်(ခက်လို့ :P )
၉ ကလည်းဟာသ တော်၏
၁၀ ကဘာကြီးလည်းမသိပါ
ဟုတ်တော့ဟုတ်နေတာ ရေးထားတာက
ကောင်းသားဂျ
ဖတ်သွားပြီ ရယ်လည်းရယ်သွားပြီ
:D :P

Dream said...

၁။လက်ရေးမလှတာက ငယ်ငယ်က လက်ရေးလှ စာအုပ်နဲ့မရေးခဲ့လို့.. :P ၂။ဘောပင်ယူခဲ့ဖို့မေ့တယ်ဆိုပြီး သူများ
ဟာယူသုံးလိုခြင်း။ :P ၃။နှာသမားဖြစ်ခြင်း(နှာစေးတာကိုပြောတာနော်.. ဟတ်ဟတဟ်... :P တလွဲမတွေးနဲ့) ၄။အဝေးမှုန်အနီးကန်းခြင်း(ခြွင်းချက် အမေနဲ့သမီးလမ်းလျှောက်လာလျှင် သမီးကိုသာမြင်ခြင်း.. ဟိဟိ :P ၅။စိတ်ဖောက်ပြန်နေခြင်း
ဒါကြောင့်မိမိကိုယ်မိမိဘာဖြစ်လို့ဖြစ်နေ
သည်ကိုမသိခြင်း ဟတ်ဟတ်..
တော်သေးတယ်သူငယ်ချင်းတွေကအ၀တ်
အစားဝတ်ဖို့ သတိပေးလို့.. ဟိဟိ)၆။ဇက်ကြောတတ်ခြင်းမှာ
ကွန်ပြူတာကို ၂၄နာရီသုံးတတ်ခြင်း
၇။ ခရီးထွက်ရင်ဝမ်းနှုတ်ဆေး နဲ့ ဘာမီတွန်မှားသောက်ခြင်း ၈။စိတ်မစားတဲ့သူနဲ့ စကားမပြောဘူးတဲ့... ဟိဟိ..
ယုံဖူး..ယုံဖူး.. အဲဒါကို... ဟတ်ဟဟ် :P
၉။ ကဘာလဲဟင်.. သရဲစီးတာကတော့ ဟုတ်ပါပီ.. မရဲစီးတာကတော့ဘာလဲ မသိဘူး။ကိုယ့်ကိုကိုယ်လှသည်ဟုထင်မှာပေါ့.. (တကယ်တော့အရွယ်တင်ပြီး ရုပ်ကျနေခြင်း ဟိဟိ အဲလိုဟုတ်ပါဘူးနော်..) နာ့ဦးရီးတော်က တော်တော်ချောတယ်၊ဒါကြောင့် နာမည်ကို လှ ပါအောင်တွင်ဆိုခြင်း.. :P (ဟိဟိ..အခုထဲကအဲလိုပြန်ပြောထားပေးမှ တော်နေ လိုက်ရိုက်နေမှ ပြေးပေါက်မှားနေဦးမယ်.. :P.. ဟတ်ဟတ်)
၁၀။အားမှကစားသည့်အားကစားကို အလကားနေရင်း ရှုံးရှုံးသွားရခြင်းမှာ ပိုက်ဆံနှင့်မကစားခြင်း .. ဟိဟိ..
(နေ့တိုင်း..၀ိုင်းမှာ တွေ့နေတယ်နော်... ဟတ်ဟတ်.. ဒါပေမယ့် မပြောပါဘူး.. :P :P )၁၀။ ဇာတိသည် ကြုံပျော်မြို့ မှ ဖြစ်ခြင်းကြောင့် ရောက်ရာပျော်ပျော်နေတတ်ခြင်း..

အမလေးအမလေး ဦးရီးတော် ဒီပို့စ်ကို ရေးနေတဲ့
ပုံစံလေးကို မြင်ယောင်လိုက်တော့ တော်တော်ရယ်ရ
မှာပဲနော်..ဟားဟား.... အရည်တွေ ထွက်ကျလာ
တာ ကော်ဖီတော့မဖြစ်တန်ရာ... ဟိဟိ..နာတိဒယ်နော်.. ဟတ်ဟတ်...
ကိုယ်ခန္ဓာကြီးထွားအောင် လေ့ကျင့်တဲ့သူဆီက
ဘာလို့ နှပ်သွားတောင်းတာလဲ ..လိုချင်ရင် တူမတော်ရဲ့နှပ်ပေးမှာပေါ့..တရုတ်နို့မှုန်နဲ့ လဲစရာမလိုပါဘူး..ဦးဦးလှရဲ့ တူမတော်မက်မကှ်နှပ်ပေးမှာပေါ့....ဟိဟိ.. :P :P အံကိုတောင်ထောင်းကနဲ ကြိတ်လိုက်တယ်ဆိုတော့..
ဘယ်သိုင်းကားထဲက ကီးသွင်းနည်းလဲမသိဘူးနော်..
ဟတ်ဟတ် :P

ဂျယ်လီရဲ့တက်ဂ်အကြွေးအမြန်
ဆပ်လိုက်နော်..နောက်တစ်တက်ဂ်ကိုရေးရင် အခန်းကိုတံခါးပိတ်ထား..မြွေတွေဘာတွေ မ၀င်စေနဲ့.. ဒါမှမဟုတ်ရင်လည်း ဒူးမနှံနဲ့။ ဟားဟား....ဒူးနှံပြီးရေးမယ်ဆိုလို့ပါ..ဟဲဟဲ..

thihanyein said...

အိမ်း ကောင်းပါပေါ့ ဆရာရေ***

တက်လူငယ် said...

ဂွတ်လှချည့်လား။ ဟသနဲ့ နှောရေးသွားတယ်။
ကျနော်လည်း လာမယ်.ကြာမယ်။ စောင့်ကြည့်နေပေါ့ဗျာ။

ဆုငယ်. said...

မုန်းတဲ့ ၁၀ချက်ကလည်း အမိုက်စားတွေပဲ ပာားပာ ရယ်ရတယ် ဒီအကိုက

ဝါ၀ါခိုင်မင်း said...

ရေးထားတာလဲ တစ်ခုမှအကောင်းမရှိဘူး.
အဲဒါကြောာင့် ရည်းစာလဲမရှိတာ.
ဘယ်သူမှကြိုက်မှာလဲ ဟုတ်ပါဘူး။
ရှိရင် "မမ၀ါရေ တားတားမှာ ရည်းစားရှိပါတယ်ခင်ဗျ"
လို့လာကြွား..လေ။ ဟဟား ..မထင် လုံးဝမထင်..

အလွမ်းလဲရမ်းမနေနဲ့..သူများအထင်ကြီးအောင်..
အစ်မကိုပြောပြီးသားလေ..မေ့နေပြီလား..ကျနော့မှာ
လွမ်းစရာဆိုလို့ ဆေးရုံကသန့်ရှင်းရေးကုလားမကြီးပဲ
ရှိပါတယ်ဆို... ဟဟားးး

တညိုးမထင်နဲ့.. စိတ်မချိုးနဲ့နော်.. နာ့မောင်လေးမှာလဲ
ရည်းစားမရှိသေးပါကြောင်း မောင်ခြေရာလေးလိုကြော်
ငြာဝင်စရာမလိုအောင် အစ်မကကြော်ငြာဝင်ပေးတာ..
အဲလိုမှ မလုပ်ပေးရင်..ဒီတစ်သက်စွန်မယ်မထင်လို့.ဟဟ :P

နံပါတ်၁၀ ကိုအတုယူသွားပြီနော်.ဟတ်ဟတ်.....
(၁၀)ရောက်ရာ အရပ်မှာ ပျော်အောင်နေ၍ နောက်ကြောင်းကို ဆက်သွယ်ရမှာ ပျင်းလွန်းခြင်း။ ( နောက်ကြောင်း အေးသည်ပေါ့လေ..ရှင်းသည်ဟု မဆိုလို... ဟိ).. အဲလိုကောင်းတာလေးတွေဆို အတုယူသင့်တယ်လေ။ အဟီးးး

ဒါပဲ
အမ၀ါ

ဖားကြီး said...

တစ်ကနေစလို့ အားလုံးနီးပါး ကျွန်တော်နဲ့ တူလှသဗျာ... ဒု သမ္မတအဖြစ် စဉ်းစားပေးပါမယ် ဟဲ ဟဲ

မိုးသောက် said...

ကိုဒေါက်တိုကြီး ကြိုက်တဲ့ အချက်တွေက
ရီရတယ်ဗျို့
နည်းနည်း စိတ်ဝင်စားရင် မျက်မှောင်ကုတ်
များများ စိတ်ဝင်စားရင် မျက်လုံးပြူး
လုံးဝ ဟဲဗီး ဗို့အား ၁၅၀၀ လောက်နဲ့ များ စိတ်ဝင်စားရင် ဘီလိုလာမလဲ မသိ :D :P
ဟားဟား
နောက်တာဗျို့ စတာ ဟုတ်ဘူး :P

မသက်ဇင် said...

အလှတရားနဲ့တူတဲ့အချက်ကတော့----
၃)မကြာခဏ နှာစေးတတ်ခြင်း
ပါပဲ--အဲဒါဘယ်လို လုပ်ရမှာလဲ--
မေးမလို့ဟာ--
ခုတော့----ဆေးဆရာကိုယ်တိုင်က-----

heinthuraaung said...
This comment has been removed by the author.
သက်တန့် said...

မောင်လေး အလှ...
လက်ရေးမလှဘူးဆိုလို့ ကြည့်လိုက်တာ ကွန်ပျူတာ စာစီထားတဲ့အတိုင်းပါပဲ...
ဝိုင်းစက်နေတာပဲကို... :P
ဒါနဲ့ ဒုသမ္မတက ပိုက်ပိုက် ဘယ်လောက်ရမှာလဲ...

နှင်းပွင့်ဖြူလေး said...

အဟတ်..........
၁၀ ကိုအကြိုက်ဆုံးပဲ....... တူနေသလားလို့ ...

အိမ် said...

ကိုယ့်ဆရာလဲ မျက်မှန်းနဲ့ပဲကိုး အဟေးဟေး
မှန်ကြောင်ခြင်းလာတွေ့နေပြီ
အမေနဲ့သမီးလာရင် သမီးပဲတွေ့မဲ့မျက်လုံးထင်တယ်
ကျနော်ကတော့ အမေနဲ့သမီးလာရင် အမေပဲမြင်တယ်
သိတယ်မဟုတ်လား ခေါင်ထိအကုန်စားလေ
အဟီးဟီးဟီး

flowerworld said...

လှလှတို့ကတော့လုပ်ချလိုက်ပြန်ပြီးး)
လက်ရေးမလှတာချင်းတော့တူတယ်ကွ ဆရာဝန်လက်ရေးဒီလောက်တော့ရှိမှာပေါ့ ဟုတ်ဖူးလားဟတ်ဟတ်

kiim said...

မျက်မှန်နဲ့ ..နှာသမားလေး..အဲ..မှားလို့ ..နှာစီးတတ်တယ်..
ပြီးတော့..လက်ရေးကလမလှ..ဟိ
စိတ်ဝင်စားတာကိုတွေ့ ရင်မျက်လုံးကြီးပြူးတတ်တယ်
အင်းခန့် မှန်းလို့ ရပြီ..ရုပ်ကို
ဘယ်လိုရုပ်ထွက်လာမလဲဆိုတာ..ဟိဟိ
နောက်တာနော်.. :P :P

ဇင်ယော် said...

အော် ဒေါက်တိုကြီးက ကိုယ့်ဟာကိုယ် လှန်ထောင်းမှပဲ (ပေါင်ကိုပြောတာပါ) အကြောင်းစုံ သိရတော့တယ်။ အဟေး လက်ရေးမလှတာများ အဆန်းလုပ်လို့  အဲဒါ ပဲပင်ပေါက်ကို ကောက်ရိုးနဲ့ သီထားတာလို့ မှတ်ဟ။ မှန်ကြောင်ချင်းတော့ တူသွားပြီကွ။ ဟီး ညီအစ်မနှစ်ယောက် အတူတူလာရင်တောင် ငယ်တာနုတာလေးပဲ ရွေးမြင်တတ်တယ်ကွ။ ရောက်ရာအရပ်မှာပျော်အောင်နေတတ်တာလည်း အတူတူပဲ ကိုယ့်လူ။ ဒီတော့ ငြိမ်းချမ်းရေးယူလိုက်၇အောင် အချင်းချင်း ဆော်ပလော်မတီးကြေး။ ဟေဟေး။

ဂျူဝသန် said...

အချက်တွေ တော်တော်များများက တူတယ်ဗျ။ နောက်ဆုံးအချက်တစ်ဆယ်ကတော့ အတူဆုံးပဲ..... တင်ပါးမှာ အရှိုးရာတွေတောင် အခုထိရှိသေး.. ( အိမ်မပြောပဲ ထွက်ထွက်သွားလို့ ... ညအိပ်ညနေလေ )။