မင်္ဂလာနံနက်ခင်း
အိမ်ခေါင်မိုးပေါ် တဖြောက်ဖြောက်
နှင်းပွင့်လေးတွေ အပြေးလျှောက်
ကြိုင်လှောက်သင်းပျံ့ ထုံဝေေ၀
သဇင်ပွင့်ပြီလေ
ငှက်အဆွေ တေးချိုမြ
လူလေးအိပ်ရာထ
ကကြီးခခွေးစာတွေအံ
နေ့စဉ်အချိန်မှန်
မြောက်ပြန်လေငယ် ရိုက်ဆော်ညှင်း
မင်္ဂလာပါ နံနက်ခင်း။
ကိုမောင်လှကျော်(ဒိုက်ဦး)
အကြိုက်ဆုံး ကဗျာတစ်ပုဒ် ကို စဉ်းစား လိုက်တော့ အဲဒီ ကဗျာက ရင်ထဲ တိုးဝှေ့ပြီး ရောက်လာတယ်။ ကိုမောင်လှကျော် (ဒိုက်ဦး) တဲ့... ကျွန်တော့ အဖေပါ ။
အဖေ က စာပေနယ်မှာ မကြော်ကြား ပါဘူး။ စာရေးဆရာ ရယ် လို့လည်း ပြောလို့ မရဘူး။ စာမရေး တာလည်း နှစ် ၂၀ ကျော်ပါပြီ။ ကျွန်တော့်ကို မွေးပြီး ကတည်းက အဖေ စာမရေး တော့ဘူးလို့ ထင်ပါတယ်။ (သူ့ စာမူတွေ ကျွန်တော် ဆွဲဖြဲပြီး ၀ါးဝါးစား လို့လားတော့ မသိ။)
အဲဒီကဗျာကို စကား မတတ်ခင် လောက် ကတည်းက ကြားဖူး နေတယ် ထင်ပါတယ်။ အမေ ဆိုပြခဲ့သလား ဘာလား တော့ မသိတော့။ ညီတွေ ညီမတွေ ပုခက်ထဲမှာ ပက်လက် ကလေးတွေ နေတုန်း အမေ ဆိုဆိုပြ နေတာကို ထောက်တော့ ဧကန္တ ကျွန်တော့်တုန်း ကလည်း ဒီလိုပဲ ဆိုပြခဲ့ဟန် တူတယ်လို့ တွေးမိတာပါ။
ကျွန်တော် တို့ မောင်နှမတွေ လည်း ခဏခဏ ဆိုကြတယ်။ မောင်နှမတွေ ရဲ့ မျက်စိ စုံမှိတ် ကဗျာ အော်ဆို၊ ပုံပြင် ပြောပွဲ တွေက ညတိုင်း လိုလို ရှိခဲ့တာကိုး။ ဒီကဗျာက မပါ မဖြစ် ပါတယ်။ ပြောရင်း သတိရသွားပြီ။
ဒီ ကဗျာလေး ကိုတော့ မဂ္ဂဇင်း တစ်ပုဒ်မှာ ဖော်ပြ ခံရတယ်။ အဖေက ကဗျာပါတဲ့ စာမျက်နှာကို ဆုတ်ပြီး မှန်ဗီရိုမှာ ကပ်ခဲ့ သေးတယ်။ စာအုပ်ကိုတော့ ကျွန်တော် ၀ါးစား ပစ်လိုက် သလား မသိဘူး။ ရှိချင်လည်း ရှိနိုင် သေးတယ်။
တက်ဂ်အုံနာ ကိုဂျူဝသန် နဲ့ တူမတော် ရှာတာပိုဘတ် မက်မက် တို့ရေ။ အဲဒါ ကတော့ ကျွန်တော် အကြိုက်ဆုံး ကဗျာပဲဗျ။ အဖေ ရေးတဲ့ လူကြီး ကဗျာတွေ ရှိပေမဲ့ သိပ်မလွမ်းဘူး ။ ကလေး ကဗျာတွေ ကိုတော့ ခုထိချစ်နေတုန်းပဲ ။
ဆရာ တင်မိုး ရဲ့ ကဗျာလေးတွေနဲ့ ဆရာဇော်ဂျီ၊ ဆရာ မင်းသုဝဏ်တို့ရဲ့ ကလေး ကဗျာလေး တွေကိုလည်း ချစ်တယ်။
ဆက်လက်၍
ဖွားဖက်တော် ဂုစ်
တို့ ရေးစေ သတည်း။ အရင်ပြီး တဲ့သူ ဆရာ့ ကို လာပြ။ တော် ပေးမယ်။
မှတ်ချက်။ ။ ကိုဂျူဝသန် ရေ.. ခင်ဗျား နာမည်ကို ကျွန်တော် စမြင်ခါစက ခင်ညံ့ညံ့ကောင်း လို့ ဖတ်မိတာဗျ။ အမျိုးသမီး ဘလော့ဂါ လို့ ထင်တာ . ဟက်ဟက်.။ အဲ့ဒီ အတွက် ခု တစ်လက်စ တည်း တောင်းပန် တယ်နော် ။ ဆောရီး... ! (အမှန်က နာမည် ဖျက်တာ။)
တူမတော် မက်မက် ရေ.. ကိုဘူတား ကို ဒီ ကဗျာလေး ဆိုပြဖို့ မမေ့နဲ့နော် ။}
. . .

17 comments:
အယ် တက်ထားတယ်ဆိုလို့......။
ငယ်ငယ်က စာတွေ ၀ါးတယ်ဆိုတာဟုတ်မှာ ခုတောင် အားရင်ပါးစပ် တလှူပ်လှုပ်နဲ့...။ စာကြေတယ်ဆိုတာ ဒါမျိုး နေမှာ..:P။
နေဦး ဘာကဗျာတင်ရပါ့...အလှ၁၀၀ ရေ..။
ps;ခေါင်းလေးဘာလေးဖီးဦး မင်းလိုကောင်တွေကြောင့် ဘလော့ဂါမမတွေ ပြောတာဆိုတာခံရတာ..ငါ့လိုဆိုရင်..ဟိ..။
ကဗျာလေးကောင်း၏။
ဟတ်ဟတ်..
ကလေးကဗျာလေးးး
ဒီကဗျာလေးကတော့ ဖတ်ရတာ နားလည်တယ်.
မောင်ခြေရာ ကဗျာကတော့ ဦးနှောက်စားတယ်.
အေးပေါ့လေ.. အဆင့်ချင်းကကွာကြတာဆိုတော့..
ကြိုက်တဲ့ ကဗျာလဲကွာကြမှာပေါ့.. ဟတ်ဟတ်.
ဟဲဟဲ.. စတာ.. ပျင်းလို့.. ပြန်ပြီ.
ကျေးဇူးညီလေးရေ အဖေံလက်ရာကို ဂုဏ်ယူပြီးဖေါ်ပြခွင့်ရတဲ့ ညီလေးအစား အစ် ကို ၀မ်းသာ တယ် ၊အား လည်း ကျတယ် ပေါ့နော်
ကဗျာလေးကတော်တော်ကောင်း..
အသက်ကြီးနေပြီ ကလေးကြိုက်ကြိုက်တုန်းလား..ခစ်ခစ်..ဘုံဘေမြို့မှ
ဦးရီးတော်ဘေဘီဒေါက်တာ..
ကိုယ့်တူမ ကိုများ ပြောသွားလိုက်တာ နှပြားမတန်
အောင်ပဲ.. ဂယ်ဖဲ..ဂယ်ဖဲ..
အမီနာ အစ်ကို ကိုဘူတား ကြီးနဲ့ ကိုတိုင်ပြောမယ်...
ယောက်ဖတော် ကိုဘူတားကို တော်တော်ချစ်တာပဲနော်.. .. ဟွင့်...
ညကျရင် အဲဒီ ကဗျာနဲ့ သူ့ကို ချော့သိပ်လိုက်...
ဟီးဟီး.....
(မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး. ။
ဒါ လုံးဝ မဖြစ်နိုင်ဘူး။ ဘယ်လိုနည်းနဲ့ မှ မဖြစ်နိုင်ဘူး။ ) အဲလို ပြောသွားတဲ့ ပုံစံနဲ့ လေသံ
လေးကို မှန်းပြီး နားထောင်ကြည့်စမ်း.. ဟိဟိ..
ဘာနဲ့ တူလဲ သိလားး.... အဟတ်အဟတ်... ဟိုလေ.. ဟိုဟာ... .... ဟိုဟာလိုက်ရောင်းတဲ့ .. ဟိုဒင်းနဲ့ ..... တူတယ်... ခစ်ခစ်... မက်မက်က အချဉ်မကြိုက်ဘူးနော်.. ဦးရီးတော်.. လာမရောင်းနဲ့... ဟတ်ဟတ်... ဘာနဲ့ တူတာလဲ .. ဘယ်သူနဲ့ တူတာလဲ .. လာမမေးနဲ့ ကိုယ့်ဟာကိုယ် စဉ်းစား.. ဘုံဘေမြို့က ဘေဘီဦးရီူးတော်.. ဟတ်ဟတ်.... :P :P :P :P
လေးရက်ထဲအချိန်ပေးထားတော့ရေးတာ မြန်လိုက်တာ ... တော်တော်မပေါင်းချင်ရှာဘူးနော်... ဟတ်ဟတ်...
:P : P
ကော်ဖီတိုက်မယ်.. ရေးပေးတဲ့အတွက်...
ပူတုန်းလေး သောက်လိုက်နော်... :P
အေးချမ်းလိုက်တဲ့ ကဗျာလေးဂျာ
ဦးဦး တော်တာဒါကြောင့်ကိုးးးး ( ကပ်ဖားသွားတာ ဘာစားရမှာလဲ :P )
ဦးဦးကြိုက်တဲ့ ကဗျာလေးကိုအားပေးသွားပြီ
အော် ..ပြောရဦးမယ် စာအုပ်တွေအဲလောက်ဝါး မစားနဲ့လေဂျာ
ပြီးတော့ဆက်လက်၍မတိုင်ခင်ကအပိုဒ်လေးကိုရေးထားတာကို ဘုစုဖတ်ရတာ ဦးဦးက ကလေးလေးကျနေတာပဲ
နောက်ဆို ဦးဦးကိုလဲစုဘုလို့ခေါ်ရင်ကောင်းမလားလို့ :P
ခုလဲ စာအုပ်တွေ ခဏခဏ ဝါးစာတုန်းပဲလား။ မျိုချသင့်ရင်လည်း မျိုချရမှာပဲဗျ။
ကဗျာကိုကြိုက်တယ်ဗျာ
ကဗျာလေးကောင်းတယ်ဗျ မြန်မာ့အငွေ့အသက်လေးနဲ့ ဖတ်ရတာ ကောင်းတယ်။
မောင်လေးလှလှရေ..
ကဗျာလေးကိုကြိုက်မိတယ်..ဂုဏ်ယူစရာဘဲမောင်လေးရေ.အဖေ့ရဲ့လက်ရာလေးကို ထုတ်ပြလို့ရတဲ့နေရာလေးမှာ သတိတရပြန်နေရာပေးတာ.
ဦးရီးတော် ကဗျာလေး ဖတ်လိုက်ရတော့ အသက်တွေ တော်တော် ပြန်ငယ်သွားသလိုပ။ ကောင်းပါပေတယ်...။ ဖြစ်နိုင်ရင် အခု ဦးပဇင်းတစ်ပါးလွှတ်ပီး ကတုံးရိပ်ပေးလိုက်ချင်ပါတယ်။
စာရေးဆရာသားလေးကိုးးးးး
ဒါကြောင့်တော်တာ အဟမ်း မုန့်ဝယ်ကျွေးနော်
ကဗျာလေးက ချစ်စရာလေးနော်
ဒါဆို အခုရော ကဗျာတွေ ၀ါးစားနေတုန်းလား
ဒါကြောင့်တော်တာနေမယ်။
ဟီး
သူများနာမည် ဘာလို့ ယူသုံးထားတာလဲ အရိုက်ခံရမယ် ဟွန်း
အဖေ့ကဗျာလေးကို တမှတ်တရ ပြန်ပြီးဝေမျှပေးတယ်ဆိုတော့ ကောင်လေး တော်တယ် ယူစေတစ်မှတ်။ ကဗျာလေးက မြန်မာမှုအငွေ.အသက်တွေ အပြည့်အ၀ ပါလေတော့ ငယ်ဘ၀ကို လွမ်းသွားပြီဗျာ။ ဒါနဲ့ နေပါဦး ခုရော စာရွက်တွေ၊ စာအုပ်တွေ ၀ါးစားတုန်းပဲလား။
တို့ လဲ ဒီ ကဗျာ လေး ကို ချစ် တယ်။
မူ ကြို ဖွင့် ဖြစ် ရင် က လေး တွေ ကို သင် ပေး ချင် တယ်။ မူ ပိုင် ခွင့် တို့ ဘာ တို့ တော့ သေချာ မှ ဆွေး နွေး မယ်နော် ။ ( အထင် လွဲ နိုင် သဖြင့်)
နယ်မှာ နေ ခဲ့ တုန်း က ဆောင်း မနက် ခင်း ကို လွမ်း မိပါတယ်။
အထင်မလွဲတတ်ပါ။
ကုသိုလ်ရတယ်လို့ပဲ တွက်ပါမည်။
ချမ်းမြေ့ပါစေဗျား။
Post a Comment