ဘ၀တစ်ခုလုံး မြတ်နိုးရသူလေး
မင်္ဂလာပါ.......
ဒီနေ့တစ်နေ့တော့.
မြေဖြူကိုင်တဲ့လက်နဲ့ ဒေါက်ကနဲ မခေါက်ပါနဲ့
ဘာဖြစ်နေတာလဲ မအော်ပါနဲ့.
ခင်ဗျား..ဦးခေါင်းမှာ စံပယ်တစ်ပွင့် ပန်ဆင် ပေးချင်လို့ပါ......
အပြင်သွားမယ်ဆိုရင် မလိုက်ဘူး..။ရေခပ်တိုက် ဆိုရင် မတိုက်ဘူး..။ အရုပ်ကလေးလို မျက်လွှာချပြီး ထိုင်နေတာ ချည်းပဲ ကိုး။ မျက်တောင်ကော့ကော့.. နှာတံသွယ်သွယ်.. နှုတ်ခမ်း ဖူးဖူးလေး နှင့်..။.ရင်ဖုံးအကျီင်္ဖြူ ကျောင်းစိမ်းလုံချည် လေးနှင့်.။ နောက်တွဲဆံထုံး လေးနှင့်..။ သူသိပ်လှတာသည်. ဆိုတာထက်.. မြတ်နိုး ချစ်ကြင်ဖွယ် ဖြစ်သည်။ ၀ိုင်းကြီး ပတ်ချာ လှည့်နေသော ကျောင်းသား ကလေးငယ် များကို သူကြင်နာစွာ ကြည့်လိုက်တာ ကို မြင်တိုင်း စိတ်ချမ်းမြေ့ရသည်။
ခွဲခွာ ခါနီးလေ ရက်စက်လေ ဖြစ်သော ကံကြမ္မာ ။ မောနေသော သူ့ကို ကျွန်တော် ကိုယ်တိုင် ဖော်ထုတ် ပေးခဲ့ ရသည့် အဲ့ဒီရောဂါ..။..သူ့ကို လူတစ်ဦးနှင့်..နေရာချ ပေးချင်နေသည် ဆိုသော အဲ့ဒီသတင်း..။..ပညာတော် သင် ထွက်ခွာရန် နီးကပ်လာသော ကာလနှင့် ဂုဏ်ယူစွာ.. စောင့်ဆိုင်း နေကြသော.. မိနှင့်ဘ.. ညီအစ်ကို မောင်နှမ...။..သူ့အိမ်က ပြုံးပြီး ပြန်လာခဲ့ပေမဲ့ ..ကောလိယ ချောင်းရေထဲ ပူဆွေးရသမျှ တိုင်တည်မိသည်..။..
တုန်လှုပ်သော ရင်နှင့်ပင် ပါရဂူ အစ်မနှင့် ပြသည်..။ ဆေး သောက်ရန် စီစဉ်ရသည်..။..မြန်မာပြည်မှာ နေရသော. သုံးလတာ ကာလအတွင်း.. သူ့အတွက်.. မှာတမ်း စာအုပ် တစ်အုပ် ပြုစုသည်..။ အိပ်ရေးပျက် ညတွေ.. အိပ်မက်ဆိုးဆိုး.. တွေကြားမှာ.. သူ့အမျိုး ကိုယ့်အမျိုး.. ကိုယ့်ငါးချဉ် ကိုယ်ချဉ်နေသည့် သတင်းကို နားမစိုက်အားခဲ့..။ သူ့ကို ယုံသည်ပဲလေ..။
သွားခါနီး တစ်နေ့မှာတော့.. သူက ကျွန်တော့်ကို ပြောသည်။.. "နင့်..မျက်နှာကို မကြည့်ချင်ဘူး"..တဲ့..။ အဲဒါဟာ စိတ်တုန်လှုပ် ခြောက်ခြားလို့ သူ မဟုတ်တဲ့ သူက ပြောတဲ့ စကား..။ ကျွန်တော်က ထားခဲ့ရမယ်တဲ့လား. သူ့ကို..။. စိတ်ပူနေရတာနှင့်.. ကျွန်တော် တုန်လှုပ်ဖို့ သတိမရခဲ့..။
သူ့ကို ကျွန်တော် မသိတော့ဘူး..။.. သူကလည်း ကျွန်တော့်ကို သိဟန်..မတူတော့..။. စာအုပ်ကလေးကို မမေ့ဖို့.. ဆရာဘုန်းကြီးဆီ.. သွားဖို့ ထပ်ခါ ထပ် ခါ မှာသည်..။ စိတ်မချစွာ မှာသည်.။ "မကြားလိုပါ." တဲ့။ ပြတ်သားသော စကားနှင့် ရန်လိုလို ငြင်းပယ်သည်..။ သူ့မျက်ဝန်းမှာ မျက်ရည်စတို့ ရှိမနေ..။..သို့သော်.. သူ ငိုနေတာကို သိသည်..။သူ အခိုက်အတန့် ရူးသွပ်သွားတာပဲ ဖြစ်မည်..။..သို့မဟုတ်.. ဖြစ်စေချင်ခဲ့ မိသည်..။
ပူဆွေးသောက.. တွင် စိုးရိမ်ပူပန်မှုက ထပ်ချပ်လိုက်လာပြန်သည်..။..ဘာမှ လုပ်မပေးနိုင်သည့် မိခင်ကြီး ရင်ခွင်တွင်ပင်..ရှိုက်၍ ငိုရသည်..။.. လူ့ သဘောကို အစ အဆုံး မသိနိုင်..သော်လည်း.. သူ့သဘောကိုတော့ အထိုက်အလျောက် သိရှိသည်ဟု ယုံကြည်သည်..ယုံကြည်ခဲ့ မိသည်..။..
ပူဆွေးသောက ရောက်လာတော့ လေ့လာခဲ့ဖူးသော ဧကာယနော မဂ္ဂေါ ဟု ဆိုအပ်သော.. တရားကသာလျင် သက်သာ အောင်.. စောင့်ရှောက်သည်..။သြော်. ဒါဖြင့် သူ့အတွက်က ကော...မိမိ၏ အမှာစကားများနှင့် လုံလောက် ပါ၏လော..။..သူ့စိတ်ကိုသူ စောင့်ရှောက် နိုင်ပါ၏လော...။ မသိနိုင်တော့ပါ..။ သူ့စိတ်ကို မိမိ မပိုင်..မိမိ စိတ်ပင်လျင် မိမိ မပိုင်..။..ဘယ်သူ့ စိတ်ကိုမှ ဘယ်သူကမှ မပိုင်..။ မခိုင်သေးသမို့ အနိုင်နိုင်လျှောက်လှမ်း နေရသည့် သံသရာ ခရီးသည် တွေ ပင် မဟုတ်လော..။
ဖီလိုဆိုဖီ သဘော နှင့်လည်း အချစ်ကို မပြောပြ တတ် တော့ပါ..။.. ချောက် အိပ်မက် များကိုလည်း မမက်လိုတော့..။. အဖြေရှာ လိုသော စိတ်လည်း မရှိလေတော့..။..သို့သော် အချစ်ဟု ဆိုတာနှင့် မရေးလိုလျင်သာ ရှိရမည်.. ဥပါဒါန် သဘောက သူ လို့ပဲ စွဲနေသည်..။
ကံကြမ္မာ ဆိုးသည် ဟူ၍လည်း ထပ်မံ မစွပ်စွဲ လိုတော့..။.ပင်ပန်းသော ဆင်းရဲ ၏ အရင်း အစ.. ကို မရှောင်နိုင် မလွှဲနိုင် ဆွဲ..ကိုင်မိလေသော ဘယ်သူ မပြု မိမိမှု သာ ရှိလေသည်..။..
(ဂီတနက်သန်) ကိုစောညိန်း၏ "သစ္စာ" ဟူသော သီချင်းလေး ကို ကလေးဘ၀က ကြားဖန်များ၍ ကြိုက်နှစ်သက် ခဲ့တုန်းက တစ်နေ့မှာ မိမိ အတွက်..ဖြစ်လာလိမ့်မည် ဟု မထင်မိခဲ့..။..ယခုတော့..ဒီသီချင်းလေးကိုပဲ ညည်းချင် နေမိသည်..။..
"သစ္စာ..သစ္စာခင်ရယ်..ခင့်ကိုချစ်ကြင်လေသမျှ.. လောကရဲ့ ပရိယာယ်... မာယာ အသွယ်သွယ်.. ဆန်းကြယ်စွာ သူလှည့်စား၍ ..ဇရာကား ၀ါးမြိုခဲ့ ပြီကွယ်.. နေစိမ့်တဲ့ ခင်ရယ်..ကွယ်ပျောက်လို့ ဘယ်ဆီမှာဝေးတယ်..သီတာရေမြေ..ဆုံးပါစေတော့.. ရှာရတော့မယ် သစ္စာ ခင်ရယ်.. မေတမင်ပုန်းရက်မှာလားကွယ်..။"
ရေးသောစာသည် အကျိုးမဲ့သော စာများ ဖြစ်နေမလား ဟူ၍ တွေး မိ သေးသည်..။..ဆုံးဖြတ်ချက်ကမူ မခိုင့်တခိုင်..။..သူ့ အမည်..မပါသော..သူ့အကြောင်းကို တခုတ်တရ သဘောနှင့် နောက်ဆုံး ရေးသားပါသည်..။
..
မှတ်ချက်..။ ။အစ်ကို ရဲရင့်နီ နဲ့ ညီမတော် ငှက်ကလေးရေ... ကျွန်တော့် အသိက လိုက်မီတဲ့ အချစ် သဘောဟာ . ပုဂ္ဂလိက သဘောအသွင် ဆောင်လွန်းလို့ အစ်ကို့တို့ ညီမလေးတို့ လို အဓိပ္ပါယ် ပြည့်ပြည့်၀၀ ဖွင့်ဆို နိုင်စွမ်း မရှိတာကို.. ခွင့်လွှတ် သည်းခံ ပေးကြပါခင်ဗျာ..။ TAG POST လေးကို ရေးရင်း နှင့် ဒိုင်ယာရီ ရေးသလို. ဖြစ်သွားရပါတယ်..။...ဘာစာပေ အမျိုး အစား မှန်းလည်း မသိတော့..။..ခြေဦးတည့်ရာ ရောက်သွားတယ်..။.နောက်ဆုံး ရေးသားခြင်း ဖြစ်၍.... ခွင့်လွှတ် သည်းခံ ပေးကြရန် တောင်းပန်ပါကြောင်း...မိတ်ဆွေ အပေါင်းတို့ခင်ဗျား...။ ။
.

18 comments:
ဟားဟား သူများတွေနားမလည်ပေမယ့် ငါကတော့ အကုန်လုံးသိနေတယ် နော် ။
မဖွစေချင် ကော်ဖီတိုက် ။
အချစ်အကြောင်း အရေးကောင်းတဲ့ သူတိုင်းမှာ အသည်းကွဲ ဇာတ်လမ်းလေး တစ်ပုဒ်တော့ ရှိကြတာပဲတဲ့။
ဟုတ်လားဟင် ...:P
ဘာစာပေ အမျိုး အစား မှန်းလည်း မသိတော့..။..
ဟိ ဟိ၊ အဲဒါကို အပြည့်အဝ ထောက်ခံတယ်။ နာ ဖတ်ရင်း ဖတ်ရင်းနဲ့ လည်သွားလို့။ :P
ဘေဘီဒေါက်တာလေး၊
" နင် ဆရာဝန်ဖြစ်ကြောင်း
"ပြောထားတဲ့ အပိုဒ်က ဖတ်လို့ ကောင်းတယ်သိလား။
ဒါပေမယ့်၊ နင်က ဒိုင်ယာရီလို ရေးတာဆိုတော့ နာ သေချာ နားလည်ဘူး။ ဟိ ဟိ။
အလှတရား---
အတိတ်ဇာတ်လမ်း ကို အတိအကျ မသိပေမဲ့
မိန်းမသားတယောက် ရဲ့ နှလုံးသားခံစားချက်နေရာမှာဝင်
ရောက်ခံစားကြည့်မိပါတယ်---
မိန်းမသားတယောက် မှာ မျှော်လင့်ခြင်းဆိုတဲ့ အာရုဏ်ဦးအတွက် အိမ်မက်ပင်တွေစိုက်တတ်
ကြပါတယ်-မိမိ နားကနေ ဟိုး---အဝေးတနေရာကို ပညာတော်သင်
သွားဘို့ ပြင်ဆင်နေတဲ့--
ချစ်သူကို --နောက်ဆံတင်းအောင်---
သူမက---
ကျမ ကို ထားပစ်ခဲ့မယ်ပေါ့လေ---
လို့ ပြောထွက်ရက် မှာ မဟုတ်ပါဘူး--
မိန်းမသားတွေဟာ--ချစ်သူ ထိပ်ဆုံးရောက်ဘို့အတွက် ဆိုရင်လေ---
စွန့်လွှတ်ခြင်းဖြင့်ချစ်တတ်ကြပါတယ်---
အလှတရား--ချစ်သူနှင့် ပေါင်းဆုံနိုင်ပါစေ---
ညီလေးရေ..
ရောက်တယ်ဗျာ၊ မြေဖြူကိုင်တဲ့ လက်တဲ့...
ဟုတ်ပါတယ်မြေဖြူကိုင်တဲ့လက်နဲ့နှလုံးသားကိုဖဲ့ယူ
တာကိုခံစားဖူးတယ်ဆိုရမလား...ထိတာကတော့
အင်း...ထိတာပါပဲလေ..ရင်ကိုထိတာပါဗျာ။
ညီ..
ဖူးစာဆိုတာ..ဘယ်လိုဖျက်ဖျက်ပါ...
ဖျက်လို့မရပါဘူး....
ညီ့နှလုံးသားတစ် ခြမ်းနဲ့...
နောက်နှလုံးသားတစ် ခြမ်း...
အမြန်ဆုံး..
ပေါင်းဆုံနိုင်ပါစေ....
မောင်လေးလှလှရေ...
ဆုတောင်းပေးပါတယ်... :)
အရုပ်ကလေးလို မျက်လွှာချပြီး ထိုင်နေတာ ချည်းပဲ ကိုး။....
အရုပ်ကလေးက မျက်လွှာ မချပါဘူးဗျာ..ဟဟ
ပို့စ်လေး ကောင်းတယ်..
ချစ်သူနှင့် ပျော်ရွှင်စွာ ဘ၀ခရီးကို ဖြတ်သန်းနိုင်ပါစေ
လှလှရေ... အသဲကွဲဇာတ်လမ်း လားဟင် သိနေတယ်နော်...
အဟင့် ရွှတ်
ကိုဒေါက်တိုကြီး အီးးးးးးး
အဖြစ်ဆိုးလှချည်လားဗျာ :P
ဇာတ်လမ်းလေး ဖတ်ရတာနဲ့တင် နင့်ကနဲ့ ဖြစ်သွားတယ်ဗျာ ...
ကျနော်တို့ နားလည်ခံစားပေးနိုင်ပါတယ် ...
ဘာပဲဖြစ်ဖြစ် နည်းလမ်း တစ်ခုခုတော့ လုပ်သင့်တယ်လို့ ထင်တယ်ဗျာ ..
ကိုယ်ချစ်တဲ့ မိန်းကလေး ပြီးတော့ ကိုယ့်ကို ချစ်တဲ့ မိန်းကလေး ကို ဆုံးရှုံးရမှာ မဖြစ်သင့်ဘူး ..
ကိုအလှတရား ချစ်တဲ့ အဲ့ဒီ နုတ်ခမ်းဖူးဖူးနဲ့ ဆရာမလေးကို ပိုင်ဆိုင်နိုင်ပါစေလို့
ကျနော် ဆုတောင်းပေးပါတယ် ...
သစ္စာ..သစ္စာခင်ရယ်..ခင့်ကိုချစ်ကြင်လေသမျှ.. လောကရဲ့ ပရိယာယ်... မာယာ အသွယ်သွယ်.. ဆန်းကြယ်စွာ သူလှည့်စား၍ ..ဇရာကား ၀ါးမြိုခဲ့ ပြီကွယ်.. နေစိမ့်တဲ့ ခင်ရယ်..ကွယ်ပျောက်လို့ ဘယ်ဆီမှာဝေးတယ်..သီတာရေမြေ..ဆုံးပါစေတော့.. ရှာရတော့မယ် သစ္စာ ခင်ရယ်.. မေတမင်ပုန်းရက်မှာလားကွယ်..။"
............
အိမ်း...ရှာတော့ရှာ အချစ်ကိုရှာ ရင်း လမ်းမပျောက်စေနဲ့ ပေါ့ကွယ်... :P
-ဘ၀တစ်ခုလုံး မြတ်နိုးရသူလေး
မင်္ဂလာပါ.......
ဒီနေ့တစ်နေ့တော့.
မြေဖြူကိုင်တဲ့လက်နဲ့ ဒေါက်ကနဲ မခေါက်ပါနဲ့
ဘာဖြစ်နေတာလဲ မအော်ပါနဲ့.
ခင်ဗျား..ဦးခေါင်းမှာ စံပယ်တစ်ပွင့် ပန်ဆင် ပေးချင်လို့ပါ- လှတယ်ဂျာ
ရင်ဖုံးအင်္ကျီအဖြူလေးနဲ့ရိုးရှင်းလှတဲ့ ဆရာမလေးနဲ့ ပျော်ရွှင်နိုင်ပါစေလို့ ညီမလေးဆုတောင်းပေးပါတယ်
ကိုယ့်ဆရာလဲ ကွဲဖူးသကိုးဗျ အသည်းပြောတာ
ပါနော်။အဟိ
awww.... haaa haaa ..
I've already read ur post.
U r so pretty. :D
I feel sad for u. hee hee hee
I wish u goodluck for everythings. :D
I m sorry,i cann't type mm font now.
အလန်းပဲဟေ့......... ထိတယ် ထိတယ်.... ဒီရင်ကို လာထိတယ်။
အား...ကွဲလှချည့် အသဲတွေ..။ ထိတယ်။ ခံစားချက်တွေ တူသွားတော့ ပိုပြီး ထိရှုတယ်။
ပြန်ဆုံနိုင်ပါစေဗျာ...
အရေးအသား အဖွဲ့ အနွဲ့က တော်တော်ကောင်းတယ် အကို။ ချစ်သူနှင့် ပျော်ရွှင်စွာ ဘ၀ခရီးကို ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
Hi..
I come n visit again to check my comment.
heee hee ..I thought i wrote some wrong word.
Kwee Kwee.. sure :D I m sorry.
I mean u r so pity . I didn't mean pretty. hee
တွေ့ပုချိ.
ဒါမျိုးတွေလည်း နောင်တော်က ရတာပဲကိုး။ တော်ပါပေ့။
Post a Comment