ဘလော့ဂါ မိတ်ဆွေတစ်ဦး က URL အလွဲသုံးစားမှုကြီး အကြောင်း ပိုစ့်တင်၏။ ထို အဖြစ်အပျက်ကို မြင်မိတာကြာပြီ။ သို့သော် ကာယကံ ရှင် စိတ်မကောင်းမှာစိုး၍ တစိုးတစိမှ အသိမပေး၊ မထုတ် မဖော် မပြော မျှော၍သာ ထားမိ၏။ အမှုသွား အမှုလာ မှာ လွန်စွာ ထင်ရှားလှသော်လည်း သူခိုးဖမ်းရသည့် အလုပ်မှာ ပုလိပ်များ၏ အလုပ်ဟု ဂျပန်ခေတ် စိတ်ဓာတ် မပျောက်သော မြန်မာအမျိုးသား သူကြီးသားပြီပြီ ခပ်တည်တည်နှင့်ငြိမ်နေမိသည်။
ထို့ပြင် အောက်ပါ အတွေးအခေါ် များကို လက်ညောင်းခံ၍ ရေးခြစ်ထုတ် လိုက်ပြန်သည်။
ထို့ပြင် အောက်ပါ အတွေးအခေါ် များကို လက်ညောင်းခံ၍ ရေးခြစ်ထုတ် လိုက်ပြန်သည်။
၁)မသူတော်တွေ ပေါက်ကရ ရေးသည့် အတွက် ရှက်တတ်သော တော်တည့် ကောင်းမွန်သော ဘလော့ဂါများ ဘလော့လောက မှ အနားယူ ထွက်ခွာသွား ရသည်ဆိုလျင် ထိုကိစ္စ အတွက် မသူတော်များနှင့် တကွ လူမျိုးချင်း ဆွေမျိုးတော် နေသော ကျွန်ုပ်တို့ မှာ အပြည့်အ၀ တာဝန်ရှိကြောင်း...
၂)လူတစ်ဦး ချင်း၏ အကျင့်သည် တစ်ဦးတစ်ယောက်ချင်းနှင့်သာ ဆိုင်သည် ဆိုသော်လည်း တစ်ဖက်ကလည်း တစ်မျိုးသား လုံးကိုလည်း ကိုယ်စားပြု နေကြောင်း... အလွဲသုံးစား၍ မဟုတ်က ဟုတ်က ရေးတတ်သည့် အကျင့်သည် ရေးသူ အတွက်သာ မက ရေးသူနှင့် လူမျိုးချင်း ဆွေမျိုးတော် နေသော ကျွန်ုပ်တို့ အားလုံးအတွက် ရှက်ဖွယ်လိလိ ဖြစ်ရပ် ဖြစ်ကြောင်း..
၃)မိမိပိုင် ဘလော့တွင် ဖြစ်ပေါ်လာသော အညစ်အကြေးများကို လက်ခံထားမိသော ဘလော့ပိုင်ရှင် များကလည်း ဖျက်ဆီး ရှင်းလင်းပေးရန် တာဝန်ရှိသည် ဟု ယူဆမိကြောင်း...
အကြင် မြန်မာအမျိုးသား ဘလော့ဂါ အပေါင်းတို့ခင်ဗျား....
...

18 comments:
မှတ်သားသွာပါတယ်မောင်လေးရေ
ကျေးဇူးတင်ပါတယ်
ချော်တောငေါ့တာလေး လာပြေးကြည့်သွားတယ် အလှ၁၀၀ရေ။ ဂျပန်ခေတ် စိတ်ဓာတ် မပျောက်သော မြန်မာအမျိုးသား သူကြီးသားတဲ့။ ဟဲဟဲ ခုတော့ နိုးကြားတက်ကြွပြီး သံပုံးထတီးနေပါပေါ့လား။ အင်း ဖြစ်ကြောင်းရယ်တဲ့ကုန်စင် သိမြင်မိလေတော့ ဘာဘာ ဘာမှပြောလိုပါခင်ဗျား။
ကိုဒေါက်တိုဆီမှာလည်း ဒါကို ရေးထားပါလား
အင်း အန်တီဒွင်းဆီမှာ ရေးခဲ့သလိုပဲ ရေးခဲ့မယ်ဗျို့
အဟေး ဟေး
အင်း ကိုအောင်ဦး ပြောသလို ကိုယ်ချင်းစာစိတ် မမွေးပဲနဲ့တော့ ဒီလို ကိစ္စတွေ ဆက်ဖြစ်နေဦးမှာပဲ ..
အင်း ရေးသူ လုပ်သူကလည်း အစကတည်းကမှ မကောင်းတဲ့ အကြံအစည်နဲ့ လုပ်တာဆိုတော့
သူလည်း ဆက်လုပ်နေဦးမှာပဲ ....
ဘယ်သူဘယ်ဝါ ရေးမှန်း မသိတော့လည်း ခက်သား ...
သိအောင် ဖော်ထုတ်နိုင်မယ့် လူတော့ တစ်ကယ်လိုနေပြီ ..
နည်းပညာပိုင်းရော အွန်လိုင်း အထာရော နပ်တဲ့ လူမျိုးပေါ့
အထက်က လူတွေ ပြောခဲ့သလိုပဲ
ဒါက မဖြစ်သင့်တဲ့ ကိစ္စ
အားလုံး ပါဝင်သင့်တဲ့ ကိစ္စ ပဲလေ ...
လူစွမ်းကောင်းများ ပေါ်ခဲ့ရင်ဖြင့် ကြိုဆိုပါတယ်ခင်ဗျ ...
အင်း..... အိမ်တော့ သိကိုမသိလိုက်တာ ဘူဒူ
လဲဗျ။သတိမထားမိတာလဲပါတယ်ဗျ။
သိရင်လက်တို့ပါဦး သတိထားရတာပေါ့ဗျာ။
နားမလည်ဘူး။
Comment တွေ ဖြူနေလို့ ဖတ် မရလို့ highlight လုပ်ပြီးဖတ်သွားပါတယ်
ထောက်ခံပါတယ်. အစ်မ ကတော့ဘာမှ မလုပ်ပေးတတ်
ဘူးလေ. အားလုံးဝိုင်းဝန်းပြီး ဖော်ထုတ်နိုင်ကြပါစေ.
လိုအပ်တာရှိရင် ကူညီပါမည်။
သို့/
ချားပရင်းနင်းမှောင်
မောင်မင်း ရေးဒါတွေ လန်ထွက်နေတာပဲ...
အမှုကို မောင်မင်း 7ရက်အတွင်းဖြေရှင်းဖော်ထုတ်ပါ.....
ဒါပဲ..
ပုံ/ ပရော်ဖက်ရှာ မက်မက်
:P :P
ဦးရီးတော်လည်း ဒါမျိုးကြုံဖူး တာပဲလား.. အဟိ..
လူသားအားလုံး လူပီသ ကြပါစေ ၊ စိတ်ဓာတ်တွေ
မိုးထိမြင့် နိုင်ကြပါစေ လို့ ပဲ ဆန္ဒ ပြုရင်း......... ဟင်းးးးးးးးးးးး သက်ပြင်းလေး ပဲ အဲလိုချသွားတယ်.. ဟတ်ဟတ်... :P
ဦးဦး ဦးဦး မီးမီးအသိဝူး
ဒါပေမယ့် ရေးထားတာတွေက လန်ထွက်နေတာတော့သိတယ်
စိတ်ဓါတ်လေးကလဲ ထက်နေသလိုပဲ
ဖတ်ပြီး လေးစားပိုခင်သွားတာ အမှန်
ဒီတစ်ခါတော့ လူကြီးလူကောင်းပီသတယ်လို့ ထောက်ခံသွားပါတယ်
ဖော်ထုတ်နိုင်တဲ့တစ်နေ့ -တော်-လာပေးမယ်နော် :P
ဟုတ်သည်၊ မှန်သည်၊ အပြည့်အဝထောက်ခံသည်။
သူများကိုမကောင်းမှု့ပြုလိုက်ရလို့ သူစိတ်ဆင်းရဲနေတာကိုမြင်ပြီး ကိုယ်ကျေနပ်နေရတယ်ဆိုတာ ခဏပါ.အဲ့ဒီနောက်မှာ ရဟတ်တစ်ပတ်လည်နေတယ်ဆို နားလည်သင့်တယ်.
မောင်လေးရေ..အစ်မဘာကူညီရမလဲ..
ညီတော်အလှတရားရေ... ဘာတွေဖြစ်နေကြတာလဲ။ ဘယ်သူက ဘယ်သူ့ ကို ဘာတွေ ဘယ်လို လုပ်လဲ ဆိုတာ ဘာမှမသိတဲ့ ကျွန်တော့် ကို ဘာဘဲဖြစ်ဖြစ် ဘယ်သူမှ မသိအောင် ဘယ်ဝါတွေ ဘာလုပ်လဲဆိုတာ ပြော ပြပါအုံး။ လေးစားလျက်
လေးစားပါတယ်ဗျာ။
သိချင်သူများတော့ လိုက်ရှာကြပါဗျာ။ ကျနော်တော့သိတယ်။
စိတ်ဓါတ်ကိုလေးစားတယ်ဗျာ
ကြားတော့ကြားလိုက်တယ် သေချာတော့မသိလိုက်ဘူး ရှုပ်နေတာပဲနော် ဘာတွေလည်းမသိး)
အင်းဒီသတင်း ကြားတော့ကြားပါတယ် Internet ပေါ်အမြဲမရှိတော့ သေချာတော့မသိ။
Post a Comment