ခြေခြင်းချိတ်ရာက သီချင်းဆို၏။ ရောဂါ က ဘလော့ဂါများ အတွင်း ပျံ့နှံ့သွား၏။ ခုမမ၀ါက မကြာခဏ နားလာပူနေသည်။ ကြွေးရှင်ကတခြား ကြွေးတောင်းသူက တခြား။ ကန်ထရိုက်ဆွဲထားဟန်တူ၏။ ဘာပဲဖြစ်ဖြစ် မအားတာနဲ့ ဆားချက်ချင်တာနဲ့ ဖိအားများတာနဲ့ အကိုက်ပါပဲ။
ဆိုပြီး ပြန်ကြည့်တော့ စာသားတွေမမှန်ဘူး။ ဆွဲတာငင်တာလည်း မမှန်သေးဘူး။ သူရေးထားတဲ့ စာသားတွေကလည်း မမှန်ဘူး။ ကိုယ်ဆိုတာကလည်း နားထဲရှိတာ ဆိုလိုက်တာ။ ဆိုတော့ကား ဘယ်ဟာက အမှန် ဘယ်ဟာက အမှား မသိတော့ပါ။ ကောင်းကောင်း မကောင်းကောင်း နားထောင်ရမဲ့ ပရိသတ် မိတ်ဆွေတွေကို ဒုက္ခပေးလိုက်ပါသည်။ ကြွေးကြေပါပြီ။ (မဟုတ်ပါ။ ကျန်သေး၏။ ကျန်တဲ့ ကြွေးရှင်များ သည်းခံပါဦး။ )
မှတ်ချက်။ ။ သီချင်းနားထောင်ပြီး ဖွားဖက်တော်အမကတော့ အဖိုးကြီးလို့ ပြောမည်။ မမ၀ါက (အားနာပါးနာနှင့်)ကောင်းတယ်လို့ ပြောမည်။ ခြေခြင်း ချိတ်ရာကိုတော့ ခန့်မှန်းလို့မရ။ သူက မျောက်စိတ်ကိုး။ ပျော်ရွှင်ကြစေသတည်း။

11 comments:
သီချင်းကတော့ ငါ့အကြိုက်ပဲ အဟတ် ။
ခုလိုအကြွေးမြန်မြန်ဆပ်တာ အမဝါကြီးကျေးဇူးပဲ ။ ငါ့လိုသာဆိုမင်းက အီးလေးဆွဲနေဦးမယ်လေ ။ အဟားး လူမိုက်ငှားလိုက်တာ :P။
ကောင်းတာ မကောင်းတာ မှန်တာ မမှန်တာထက် မိတ်ဆွေသယ်ရင်းတွေ ပျော်ရွှင်စေရတဲ့ ခင်မင်မှု သရုပ်လေးကိုသာ ပေါ်လွင်စေချင်တာပါ ။ ဒါကြောင့်သာပဲ တက်ဂ်လိုက်၇တာပါ ။
ဘာပဲ ပြောပြော အကြွေးကျေသွားပြီ ။ နောက်လဲ မထင်ရင်မထင်သလို ဒါမျိုး အကွက်တွေလာမယ်မှတ် အဟတ် ။
သြော်.. နာက လူမိုက်ကြီးဖြစ်ပါရောလား မောင်ချစ်ခြင်း
ရယ်။ :( သီချင်းဆိုပြီးတာဖြင့် ကြာနေပြီ ပဲများပြီး မတင်နေလို့ အော်နေတာနော်. ကြည့်မရလို့ ..အကောင်းထင်မနေနဲ့ဦး။ ( မှတ်ပြီလား) အချိန်ဆွဲတာ မကြိုက်ဘူး။ ဆိုပြီးနေတာများ တင်လိုက်ပေါ့။ တော်တော် အကြွေးတင်ခံချင်နေတယ်။
ဒီသီချင်းလေးကတော်တော်ကောင်းပါတယ်။
အစ်မတို့ စုံတွဲလဲ လှလှကို အားကျလို့ ဆိုထားတယ်။
ပြီးရင်တင်မယ်နော်.း)
ကောင်း၏... ကောင်း၏...း)
သြော်.....စုံတွဲတွေနှင့်...အားကျစရာ..သူတို့ဘဝတွေ..
ဟ.. တယ်ဟုတ်ပါလားဗျ၊ ကျနော်မင်္ဂလာဆောင်ရင် လာဆိုပေးရမယ် ဒီသီချင်းကို။ ခုထဲက ကြိုပြီး ဘွုတ်ကင်
လုပ်လိုက်ပြီ ဒါပဲ။ ကျနော့် မင်္ဂလာဆောင်လား သိသေးဘူး ဘယ်တော့လဲ ဟိ
ဗီစီဒီရိုက်ထားတာကလည်း ချစ်စရာကောင်း၏ ငါ့ဘော်ဒါကြီးအသံကလည်း မဆိုးလှပါဘူး။ အားပေးသွားတယ်
တော်လိုက်တဲ့ နာ့အကိုကြီး icream ကြွေး.....ကြေပြီ ဟီးး
အားပေးသွားတယ် ခင်ဗျ
ဇီးသီးထုတ်လို့ရပြီနော်
အောင်မယ်၊ သီချင်းဆိုရင်း နာ့အတင်းတုတ်သေးတယ်။
ဟွန်း၊ အဖိုးကြီးသီချင်းဆိုလို့ "အဖိုးကြီး"လို့ ပြောတာ။
နောက်ဆို Hip hopတို့၊ Rapတို့ ဆို။ ကြားလား မောင်လေး။ :D
အဆိုတော်ဖြစ်ရင် ကိုယ့်အမကို မမေ့နဲ့နော်။ :P
ဟူးးးးးးးးး မောသွားပြီးလှလှရာ နင့်အသံတိုးလို့ ငါ့လစ်တော့ကိုကိုင်ပြီးနားထောင်ရတာ သီချင်းလဲဆုံးငါလဲကျိုးပဲ မောတယ်မောတယ် အချင်းချင်းမို့လို့နော် ဟွင်းဟွင်း အသံကတော့ရှယ်ပဲ တိုးနေတာတစ်ခုပဲ နောက်ဆိုကျယ်ကျယ်ဆို သိလား
အဟား.. နာ့အူးချီးဒေါ်ကယဲ တချင်းချိုဒါ အယန်းကောင်းတယ်... ထင်ဒေါင်မထင်ရဖူး..
အချိုယဲကောင်းဒယ်.. အကယဲကောင်းဒယ်...
အဟဲ... အချိုကောင်းယို့ အကကောင်း.. အူးရီးဒေါ် ဖင်ဟောင်းလောင်း... အော်.. မွှားယို့.... အဟီး။.. :P :P
အူးချီးဒေါ်က တချင်းချိုဒါတောင် ဒီယောက်ကောင်းတာ မချိုဖဲ နေရင်ပိုဒေါင် ကောင်းဦးမှာ နော်... :P :P
ဟားဟား... နောက်တာနော်.... ဦးရီးတော်ရေ... ဖတ်ပြီးရယ် မနေနဲ့ ...အားပေးသွားတယ်.. ပြန်ပြီ .... နေဦး.. ရော့ .. မှန်ချိုဆေးလေး သောက်လိုက်.... သီချင်းဆိုကောင်းလို့ အသံဝင်မှာ ဆိုးလို့.... :P :P
Post a Comment