ဆီးချိုအကြောင်း မရေးနိုင်သေးတာ အလွန်အားနာသည်။ ရုံးပိတ်ရက် ရေးနိုင်အောင် ကြိုးစားမည်စိတ်ကူးပါသည်။ အခုလောလောဆယ် ယူကျုက စိတ်ဝင်စားဖွယ် ဘာသာရေး ဗီဒီယိုနှစ်ခုကို ကြည့်ရသဖြင့် တင်ပေးလိုက်ပါသည်။ အားလည်းအား စိတ်ဝင်စားသည့်သူများ မြန်မာ ဘာသာပြန်ပေးလျင် သာသနာ အတွက် အကျိုးရှိမည်ဟု ထင်ပါသည်။
အလွန်အခြေခံကျသည် အလွန်ခိုင်မာသည်ဟူ၍ ရှေးရိုးစွဲ သိပ္ပံပညာရှင်များ ယူဆလာခဲ့သော ရုပ်( matter) သည် လှိုင်းသဘာဝ ဆောင်လိုက် အမှုန်သဘာဝ ဆောင်လိုက် ရှိနေသောအရာ၊ ဒြပ်ထုသဘော( mass) ကို ရေရာစွာမပြနိုင်သည့် အရာ၊ အချိန်နှင့်အကွာအဝေးကိုပင် အတိအကျ မသတ်မှတ်နိုင်သော အရာ အဖြစ် တွေ့ရှိလာရသောအခါ ဥာဏ်ကျယ် အစွဲကင်းသူ လူတစ်ချို့သည် အမြင်တစ်မျိုး ပြောင်းလဲလာကြသည်။
အချို့ က ၀ါဒသစ်များ ထွင်ကြသည်။ အချို့က ဗုဒ္ဓဘာသာ အဘိဓမ္မာမှ ရုပ်ပိုင်းကို တွေ့လာကြပြီး ဗုဒ္ဓဘာသာကို စိတ်ဝင်စား လာကြသည်။ (အဘိဓမ္မာကို ဘုရားဟောမဟုတ်ဟု အခြေအမြစ် မရှိစွာ ပြောခဲ့ကြသည်လည်း ရှိဖူးသဖြင့် မသိသူများ နားမယောင်စေရန် လူသေလူဖြစ်ဝါဒါနုဝါဒါ ၀ိနိစ္ဆယမှ အဘိဓမ္မာကို ဘုရားဟောမဟော အပိုင်းကို တစ်နေရာမှာ ကူးယူတင်ပေးခဲ့ဖူးပါသည်။ ထိုအပိုင်းကို ပြန်ရှာလိုပါက ဒါကို ကလစ်ပါ။) Click here
ီဗီဒီယိုနှစ်ခုမှာ ထို စိတ်ကူးမှ ပေါက်ပွားလာသည် ထင်ပါသည်။ လိုရင်းမှာ ရုပ်( matter) ၏ မခိုင်မာမှု သဘော အချည်းနှီးသဘော၊ ရုပ်၏ မမြဲမှု မရေရာ အချည်းနှီးဖြစ်မှု သဘောအပေါ် သိပ္ပံ၏ အမြင်က ဗုဒ္ဓ၏ ရုပ်အပေါ် အမြင်နှင့် တူနေသည်။ ထို့ကြောင့် တအံ့တသြ ဖြစ်ကာ ခွေများ စာအုပ်များ ထွက်လာသည် ထင်သည်။
ဘာပဲဖြစ်ဖြစ် ယနေ့ခေတ်တွင် ဗုဒ္ဓ၏ ခွဲခြမ်းစိတ်ဖြာသောဝါဒ (၀ိဘစ္ဆ၀ါဒ)သည် အကန့်အသတ် နယ်နိမိတ် အမည်ပညတ် စည်းမျဉ်းဘောင် ယဉ်ကျေးမှု ဘာသာ အတားအဆီးများ ကိုကျော်၍ လွှမ်းမိုးမှုရှိပါသည်။ ဗုဒ္ဓဘာသာ အမည်ခံစရာမလိုခြင်းသွတ်သွင်းပွဲများ မရှိခြင်း ကလည်း လွတ်လပ်စွာ လေ့လာခွင့် ပေးနေသဖြင့် ဘာသာဝင် မဟုတ်သူများ အဖို့ ပညာတိုးဖွယ် ကုသိုလ်ရဖွယ် ဖြစ်နေပါသည်။ မြန်မာဗုဒ္ဓဘာသာဝင် တို့အတွက်မူ သဒ္ဓါတရားနှင့်ဘ၀ကို စကာ (ဗုဒ္ဓအလို ကျ) တရားအားထုတ်ခြင်း (အလုပ်စခန်း)ကို လွယ်လွယ်ကူကူ ရောက်ရောက်သွားသော်လည်း မနီးစပ်သူများ အတွက်မူ ဘ၀မေးခွန်းများကို အဖြေရှာရင်း ပညာတိုးလာမှ ကြည်ညိုသဒ္ဓါ ဖြစ်စပြုသည်လည်း ရှိပါသည်။ ပညာတိုးဖို့ အတွက် ဤဗီဒီယိုမျိုးလည်း ကြည့်ဖို့လိုကောင်း လိုမည်ဖြစ်သဖြင့် တစ်ဦးတစ်ယောက်၏ ၀ါသနာ စရိုက်နှင့် ကိုက်လိုကိုက်ညား တင်ပေးထားပါ၏။
သိပ္ပံကတော့ ရုပ်အနတ္တကို ကိရိယာနှင့် ရှာတွေ့တာလည်း ကြာခဲ့ပြီ။ သိပ္ပံကို ယုံတယ်သာ ဆိုသည်။ သိပ္ပံချွတ်၍ (သွယ်ဝိုက်သော အားဖြင့် )အကယ် ကျွတ်သူများ ရှိကောင်းပါသလား မသိပါ။ အတ္တစွဲရှိသူများ ရုပ်အနတ္တကို သတိမူ သံဝေဂယူကြပါဦး။
ရူပံအနတ္တာ...
သြော်..အနတ္တ.. အနတ္တ ..အနတ္တချည်း ပါတကား..................

2 comments:
ယုန်ရေ ဒီပို့ စ်ကိုတော့ တော်တော်ကြိုက်သွားပြီ။ မင်းကိုယ်တိုင် ကွမ်တမ်အကြောင်းလေ့လာပြီး ဘာသာပြန်ရှင်းပြရင် ပိုကောင်းမယ်နဲ့ တူတယ်။ မင်းမှ တတ်နိုင်မယ် ထင်လို့ ပါ။ အားနည်းနည်းထည့်လိုက်ပါဦး။
မသိဘူး..ဆီးချိုအကြောင်းပဲ ဖတ်ချင်တယ်။ ဒါပဲ
Post a Comment