ပဌမ သမုဒ္ဒသုတ် - (ကြီးကျယ် များပြားသော ရေအစု)

၂၀၀၉.၀၂.၂၇



မိုးကုတ်ဆရာတော် တရားခွေများနှင့် ၀ိနည်းစာအုပ်များ ပေးပို့ချီးမြင့်နေကျ ဖြစ်တော်မူသော ဆရာတော် ဦးလောကနာထ ကျေးဇူးပြု ပေးပို့တော်မူသော ပဌမ သမုဒ္ဒသုတ် ကို တစ်ဆင့် ပြန်လည် တင်ပြပါသည်။

....


ပဌမ သမုဒ္ဒသုတ်


ရဟန်းတို့ ...

အကြားအမြင် မရှိသော ပုထုဇဉ်သည်

''သမုဒ္ဒရာ သမုဒ္ဒရာ''ဟု ပြောဆို၏၊

ရဟန်းတို့ ဤသို့ ပြောဆိုအပ်သော အရာသည်

မြတ်စွာဘုရား၏ အဆုံးအမ၌ သမုဒ္ဒရာ မဟုတ်။



ရဟန်းတို့ ...

ဤသို့ ပြောဆိုအပ်သော အရာသည်

ကြီးကျယ် များပြားသော ရေအစုသာ ဖြစ်၏၊

ကြီးကျယ်များပြားသော ရေပြင်သာ ဖြစ်၏။

......

ရဟန်းတို့ ...

မျက်စိသည် သတ္တဝါ၏ သမုဒ္ဒရာမည်၏၊

ထိုမျက်စိသမုဒ္ဒရာအား

အဆင်းတည်းဟူသော အဟုန်သည် ရှိ၏။

အကြင်သူသည် ထိုအဆင်း တည်းဟူသော အဟုန်ကို သည်းခံနိုင်၏၊


ရဟန်းတို့

ဤသူကို လှိုင်းနှင့် တကွသော

ဝဲနှင့်တကွသာ

ဖမ်းယူတတ်သော ရေသတ္တဝါ အထူးနှင့် တကွသော

ရေစောင့်ဘီလူးနှင့်တကွသော

မျက်စိ သမုဒ္ဒရာကို ကူးမြောက်ပြီးဖြစ်၍

တစ်ဖက် ကမ်းသို့ ရောက်သူ

ကြည်းကုန်း၌ တည်သူ ရဟန္တာဟု ဆိုအပ်၏။ပ။

....

ရဟန်းတို့ ...

လျှာသည် သတ္တဝါ၏ သမုဒ္ဒရာမည်၏၊

ထိုလျှာ သမုဒ္ဒရာအား အရသာတည်းဟူသော အဟုန်သည် ရှိ၏။

အကြင်သူသည် ထိုအရသာတည်းဟူသော အဟုန်ကို သည်းခံနိုင်၏၊

ရဟန်းတို့

ဤသူကို လှိုင်းနှင့် တကွသော

ဝဲနှင့်တကွသော

ဖမ်းယူတတ်သော ရေသတ္တဝါ အထူးနှင့်တကွသော

ရေစောင့်ဘီလူးနှင့်တကွသော

လျှာသမုဒ္ဒရာကို ကူးမြောက်ပြီးဖြစ်၍ တစ်ဖက်ကမ်း သို့ ရောက်သူ

ကြည်းကုန်း၌ တည်သူ ရဟန္တာဟု ဆိုအပ်၏။ပ။

....

ရဟန်းတို့ ...

စိတ်သည် သတ္တဝါ၏ သမုဒ္ဒရာမည်၏၊

ထိုစိတ်သမုဒ္ဒရာအား သဘောတရားတည်းဟူသော အဟုန်သည် ရှိ၏။

အကြင်သူ သည် ထိုသဘောတရားတည်းဟူသော အဟုန်ကို သည်းခံနိုင်၏၊


ရဟန်းတို့

ဤ သူကို လှိုင်းနှင့်တကွသော

ဝဲနှင့်တကွသော

ဖမ်းယူတတ်သော ရေသတ္တဝါ အထူး နှင့် တကွသော

ရေစောင့် ဘီလူးနှင့်တကွသော

စိတ်သမုဒ္ဒရာကို ကူးမြောက်ပြီး ဖြစ်၍

တစ်ဖက်ကမ်းသို့ ရောက်သူ ကြည်းကုန်း၌ တည်သူ

ရဟန္တာဟု ဆိုအပ်၏။ ဤစကားကို မိန့်တော်မူ၏။ပ။

....

လူနတ်တို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည်-

''အကြင်သူသည်

ဖမ်းယူတတ်သော

ရေသတ္တဝါအထူးနှင့်တကွသော

ရေစောင့် ဘီ လူးနှင့်တကွ လှိုင်းနှင့်တကွ ဝဲနှင့်တကွ ဘေးဘျမ်းနှင့်တကွ ဖြစ်၍

ကူးခပ်နိုင်ခဲ သော

ဤသမုဒ္ဒရာကို ကူးမြောက်ပြီ၊

ထိုသူကို ပညာရှိသူ၊

အကျင့်မြတ်ကို ကျင့်သုံး ပြီးသူ၊

လောက၏ အဆုံးသို့ ရောက်ပြီးသူ၊

တစ်ဖက်ကမ်းသို့ ရောက်ပြီးသူ'' ဟု

(မိန့်တော်မူ၏)။



၁ - ပဌမ သမုဒ္ဒသုတ်၊ သမုဒ္ဒ၀ဂ်၊ သဠာယတန၀ဂ္ဂသံယုတ်ပါဠိတော်။

1 comments:

အိမ် said...

ဆားရေ လိုက်တော့ သိပ်မမှီဘူးဗျာ။ ဒါပေမဲ့ ဖတ်သာံးပါတယ်။တချို့တော့ သိတယ်ဗျာ။ခုလို
မျှဝေပေးတာရှဲရှဲပါဗျား။