ပေါ်ပြူလာဆိုင်းယင့်စ်( popular science)

ပေါ်ပြူလာဆိုင်းယင့်စ်ကို တခါတလေ သိပ္ပံဆိုင်ရာ စာပေ(literature of science) ဟုခေါ်သည်။ ယင်းမှာ သိပ္ပံပညာကို သာမန် စာဖတ်ပရိသတ်အား တဆင့်ပြန်လည် ရှင်းပြခြင်းဖြစ်သည်။ နောက်ဆုံးပေါ် သိပ္ပံတိုးတက်မှုများကို အာရုံစိုက်သော သိပ္ပံစာနယ်ဇင်း သဘောတရား နှင့် စာလျှင် ပေါ်ပြူလာဆိုင်းယင့်စ်က ပို၍ကျယ်ကျယ်ပြန့်ပြန့် ရှိသည်။ ပေါ်ပြူလာ ဆိုင်းယင့်စ်ကို သိပ္ပံပညာရှင် သို့မဟုတ် စာနယ်ဇင်း သမားများက စာအုပ်များ ရုပ်မြင်သံကြားများ၊ မဂ္ဂဇင်းဆောင်းပါးများ နှင့် ၀က်ဘ်စာမျက်နှာများ အနေနှင့် ပုံစံမျိုးစုံ တင်ပြကြသည်။

အဆင့်အတန်း

ပေါ်ပြူလာဆိုင်းယင့်စ်သည် သိပ္ပံသုတေသန၏ ပရော်ဖက်ရှင်နယ် မီဒီယာဖြစ်သော သိပ္ပံသီဝရီ သဘောတရားစာပေ (scientific literature)နှင့် လူထုပရိသတ်ကြားရှိ နိုင်ငံရေး၊ ယဉ်ကျေးမှု ဓလေ့များနှင့် ကိုက်ညီအောင်ပြုလုပ်ပေးသော ပေါင်းကူးတံတား ဖြစ်သည်။

ယင်းသည် သိပ္ပံပညာ၏ အခွင့်အရေးများသုံး၍ တခါတရံ လူမှုရေးနှင့် နိုင်ငံရေး ခေါင်းစဉ်များအပေါ်၌ပင် သက်ရောက်ရန် ကြိုးပမ်းသည်။ သို့ရာတွင် ၄င်း၏ အပြုအမူမှာ တကယ့် သိပ္ပံပညာနှင့် ကွဲပြားသည်။

သိပ္ပံနှင့်ဆက်နွှယ် အငြင်းပွားမှုအများအပြားကို ပေါ်ပြူလာဆိုင်းယင့်စ် စာအုပ်များ စာနယ်ဇင်းများ၌ ဆွေးနွေးကြသည်။ ဥပမာ ဇီဝပြဋ္ဌာန်းမှု သဘောတရား( biological determinism) အပေါ် ပြုလုပ်သည့် ရှည်လျားထွေပြားသော ဒီဘိတ်စ်-ဆွေးနွေးပွဲ မျိုးနှင့် ဇီဝနှင့်အသိ ဆက်သွယ်မှုကို ရောမွှေထားသော ပေါ်ပြူလာစာအုပ်များဖြစ်သည့် တလွဲအကဲဖြတ်ခြင်း (Mismeasure of man) စာအုပ်နှင့် ခေါင်းလောင်းပုံမျဉ်းကွေး (The Bell curve) စာအုပ်များတွင် ဆွေးနွေးထားကြသည်။

သိပ္ပံသီဝရီသဘောစာပေ (scientific literature)၏ ရည်ရွယ်ချက်မှာ လေ့လာတွေ့ရှိမှုများ၊ ကောက်ချက်ဆွဲမှုများနှင့် နည်းဥပဒေသများ ၏ ဆိုလိုရင်းကို ကြိုးစားပြီး သတင်းပေးရန်ဖြစ်သည်။ ပေါ်ပြူလာဆိုင်းယင့်စ် ကမူ သိပ္ပံနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ်များအား အချက်အလက်နှင့် ကောက်ချက်များအပေါ် ထောက်ခံလာအောင် စကားတန်ဆာဆင်ပြီး သိမ်းသွင်းလျက် သတင်းပေးသည်။ သိပ္ပံသီဝရီသဘောတရား စာပေများမှ အဆိုပြုချက်များမှာ ကျိုးကြောင်းဆီလျော် အရည်အသွေး ပြည့်မီပြီး အသစ်တွေ့ရှိချက်များနှင့် ရလာဒ်များမှာလည်း အရည်အချင်းပြည့် သိပ္ပံပညာရှင်များ လက်သင့်ခံလောက်သော သဘောတရားများနှင့် ကိုက်ညီမှုရှိတတ်သည်။ တစ်ဖက်တွင်မူ ပေါ်ပြူလာဆိုင်းယင့်စ်မှာ သိပ္ပံသီဝရီသဘောတရားစာပေတွင် မရှိသော ကိုယ်ပိုင်ခံစားမှုများကို သုံး၍ ယေဘုယျဆန်ခြင်း၊ ကျိန်းမသေခြင်းများဘက်ကို အာရုံစိုက်သည်။

မူရင်း သိပ္ပံတွေ့ရှိတင်ပြချက်များ သိပ္ပံစာနယ်ဇင်းများက ရေးသားချက်များနှင့် ယှဉ်လိုက်လျှင် ပေါ်ပြူလာဆိုင်းယင့်စ် သည် အနည်းနှင့်အများဆိုသလို ပုံပျက်ခြင်း နှင့် အလွန်အကျွံ အလွယ်မှုပြုခြင်း တို့ကြောင့် တခါတရံ မူအရ အိနြေ္ဒရ နေပြီဖြစ်သော သိပ္ပံခေါင်းစဉ်များကိုပင် ၀တ္ထုဆန်သွားစေသည်။

ပေါ်ပြူလာဆိုင်းယင့်စ် ကို ဘာသာရပ်အပေါ် နားလည်မှု အကန့်အသတ်သာရှိသော သိပ္ပံပညာရှင် မဟုတ်သော ပုဂ္ဂိုလ်များကလည်း ရေးသားနိုင်ပြီး မကျွမ်းကျင်သူများ အနေနှင့် ဤကဲ့သို့ ရေလိုက်လွဲနေသော ပေါ်ပြူလာဆိုင်းယင့်စ်များကို စိစစ်နိုင်ရန် ခက်ခဲပြီး ပေါ်ပြူလာဆိုင်းယင့်စ်က တကယ့်သိပ္ပံပညာနှင့် အယောင်ဆောင်သိပ္ပံတို့၏ နယ်နိမိတ်ကို မှုန်ဝါးအောင် ပြုလုပ်ပစ်တော့သည်။

မှတ်ချက်
ဘိုစာနှင့်ရေးထားသော ၀ီကီပိဒိယ ကိုဖတ်ပြီး စိတ်ကူးပေါ်သဖြင့် သင့်သလို ဘာသာပြန်လိုက်သည်။
http://en.wikipedia.org/wiki/Popular_science

5 comments:

khin oo may said...

မှန်မယ်ထင်ပါရဲ့ ဘာသာပြန်

ဖိုးစိန် said...

သိကောင်းစရာလေးတွေဖတ်သွားပါတယ်..

ဝါ၀ါမောင် said...

မြင့်တယ်..လိုက်မမှီဘူး..
ကလေးအလုပ်ကလေးလုပ်တာမဟုတ်ဘူး..လူကြီးအလုပ်တွေလုပ်နေတယ်. :D

မသက်ဇင် said...

သိပ္ပံစာပေသည် ခေတ်တိုင်းတွင် အနည်းနဲ့ အများ ထွန်းကားခဲ့သည် ယခုအခါတွင်သိပ္ပံစာပေ သည် အလွန်ဖွံ့ဖြိုး တိုးတက် လာသည်ကိုတွေ့ရသည်
အထူးသဖြင့် စူပါနိုင်ငံများတွင် သိပ္ပံစာပေကို
များစွာ တိုးတက်လာသည်ကိုတွေ့ရသည်
လွတ်လပ်ရေးရပြီးစ -ဖဆပလ ခေတ်တွင် လူထုသိပ္ပံစာပေဟု ဌာနတခုဖွင့်ထားခဲ့ဘူးသည်။
ကျေးလက်အထိ ဖြန့်ဖြူးခဲ့ကြောင်းသိရှိရသည်။
သိပ္ပံပညာရှင်များသည် သဘာဝလောကကို လက်တဆုံး
နှိုက် ပြီးလေ့လာခဲ့ကြသည်။
သိပ္ပံတွေ့ရှိချက်များကို လူ့လောကအတွက်
အသုံးပြုခဲ့ကြသည်။
ဥပမာ။ လျှပ်စီး လက်ခြင်းကို လေ့လာ ဆန်းစစ်ပြီး
လျှပ်စစ်ကို အသုံးပြုလာကြသည်။
ထိုကဲ့သို့လေ့လာတွေ့ရှိချက်များကို သိပ္ပံစာပေအဖြစ် လူထုထဲသို့ ပေါင်းကူးဖြန့်ချီခဲ့ကြသည်။
တန်ခိုးရှင် လုပ်လို့ လျှပ်စီးလက်ခြင်းမိုးကြိုးပစ်ခြင်း
မဟုတ်ကြောင်းကိုသိပ္ပံစာပေက လမ်းပြခဲ့ခြင်းဖြစ်သည်။

ပေါ်ပြူလာဆိုင်းယင့်စ် ကတော့ သိပ္ပံပညာရှင်များ၏
တွေ့ရှိချက်များကို မိမိအယူအဆနှင့် ပေါင်းစပ်ရှင်းလင်း
ပေးသည့်အတွက် အတ္တနောမတိ မကင်းပါ--
ထို့ကြောင့် ပေါ်ပြူလာဆိုင်းယင့်စ် အားနည်းချက်များ
ရှိလာသည်။

mm thinker said...

နောက် အတန်ကြာသော် ဒီပို့စ်ကို ဝီကီအတွက် လာ မ မည်။

ခု မ မ သေး။

:D