စစ်နှင့်ငြိမ်းချမ်းရေး သီချင်းလေး တစ်ပုဒ် တွေ့လို့ တင်ပေးလိုက်ပါတယ်။ အနုပညာ သက်သက်ပဲ ရည်ရွယ်ချက်ထားပါတယ်။ ခံစားရတာတော့ အမှန်။ အဆိုတော်က ဆီးရဂီ ထရိုဖီမာဗြိ -Sergey Trofimov (ရုရှားအမျိုးသား) သီချင်းနာမည်ကတော့ စစ်ကြီးပြီးဆုံးတဲ့ အခါတဲ့။ သီချင်းစာသားကတော့ သူများပြန်ထားတာ ပြန်ကူးရေးပေးရတာပဲ အပန်းမကြီးပါဘူး။ အဲတော့ ပြန်ကူးရေးပေးလိုက်တယ်။ ကိုယ့်ဖာသာပြန်ထားတာ မဟုတ်ကြောင်း အာမခံပါတယ်။ နောက်ဆုံး အပိုဒ်ကတော့ ရင်ကို အထိဆုံးပါပဲ။ လက်တွေ့ဆန်တဲ့ ဒသနလေးပါ။
စစ်ကြီးပြီးဆုံးတဲ့ အခါ (warning: သီချင်းစာသား= ပျင်းရင်ကျော်ဖတ်ရန်)
၁..စစ်ကြီးပြီးဆုံးတဲ့ အခါ.. ကောင်လေးတစ်ယောက်ဟာ ပေါင်မုန့်ယူရန် ပြေးထွက်လာတယ်.. ကမ္ဘာမြေကြီးကတော့ နားလည်ရခက်တဲ့ ကောင်းကင်ကြီးလို တိတ်ဆိတ်ငြိမ်သက် လျက်ပါ.. မတည်ငြိမ်တဲ့ ငြိမ်းချမ်းမှုလေးမှာတော့ ဒီလိုငြိမ်သက်နေမှာပါ.. ဘုရားသခင်ရှိပါတယ် ကံတရားကို စီမံသွားပါလိမ့်မယ်.. ဟိုးအမြင့်က ကြယ်တာရာတွေ တိတ်ဆိတ်နေတဲ့ အချိန်မှာ တစ်စုံတစ်ယောက်ရဲ့ အသံဟာ တိုးတိုးလေးထွက်လာပါတယ်..
Cho: မေမေ... ကျွန်တော် အိမ်ကိုပြန်လာမယ်
မေမေရေ.. ကျွန်တော်အသက်ရှင်လျက် ပြန်လာမယ်..
ဘုရားသခင်က ကျွန်တော်တို့ အားလုံးကို ခွင့်လွှတ်မှာပါ ...
စစ်ကြီးပြီးဆုံးတဲ့ အခါ
စစ်ကြီးပြီးဆုံးတဲ့ အခါ
၂..စစ်ကြီးပြီးဆုံးတဲ့အခါ.. ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက်တွေဟ ဒဏ်ရာတွေကို ကုသကြမယ်.. အသစ်ပြန်လည်ဖွံ့ဖြိုးလာတဲ့ နိုင်ငံလေးဟာ အင်အားတောင့်တင်း လာလိမ့်မယ်.. တကယ့်ကိုအရေးပါတဲ့ ဘ၀လေးတစ်ခုလည်း အဓိပ္ပါယ်ရှိစွာ ဖြစ်လာမှာပါ.. ပျက်စီးဆုံးရှူံးမှုတွေကို ကျော်ဖြတ်ပြီး ကိုယ့်ဘ၀ကို လွတ်လပ်စွာ ရပ်တည်နိုင်တော့မှာပါ..
Cho: မေမေ... ကျွန်တော် အိမ်ကိုပြန်လာမယ်
မေမေရေ.. ကျွန်တော်အသက်ရှင်လျက် ပြန်လာမယ်..
ဘုရားသခင်က ကျွန်တော်တို့ အားလုံးကို ခွင့်လွှတ်မှာပါ ...
စစ်ကြီးပြီးဆုံးတဲ့ အခါ
စစ်ကြီးပြီးဆုံးတဲ့ အခါ..
၃..စစ်ကြီးပြီးဆုံးတဲ့ အခါ.. ရန်သူကို ခွင့်လွှတ်ဖို့အတွက် တစ်ခုတည်းသော ခံယူချက်ကတော့ အကြင်နာတရားပါပဲ.. အဲဒါဟာ အားလုံးအတွက် အမြင့်မြတ်ဆုံးအရာပါပဲ.. ဒီကမ္ဘာငယ်လေးမှာ နှစ်ပေါင်းများစွာ အကြင်နာကင်းမဲ့ခဲ့ကြတယ်.. ကျွန်တော်တို့ဟာ ရန်သူတွေမဟုတ်ကြပါဘူး.. အစွန့်ပစ်ခံ ကလေးငယ်လေးတွေပါ..
Cho: မေမေ... ကျွန်တော် အိမ်ကိုပြန်လာမယ်
မေမေရေ.. ကျွန်တော်အသက်ရှင်လျက် ပြန်လာမယ်..
ဘုရားသခင်က ကျွန်တော်တို့ အားလုံးကို ခွင့်လွှတ်မှာပါ ...
စစ်ကြီးပြီးဆုံးတဲ့ အခါ
စစ်ကြီးပြီးဆုံးတဲ့ အခါ..
.......
စစ်မြေပြင်မှာ ငါနှင့်ရန်သူ
တူသောဆန္ဒရှိကြ၏။

8 comments:
ညီလေးရေ
ဒီသီချင်း လေး အတွက် ကျေးဇူး တင် နေရ ပါတယ် စစ်ဆိုတာရှိနေသေးသမျှ လူ့ ဘုံဟာ ငိုသံတွေ ရှိနေမှာ ဆိုတော့ ငိုသံတိတ်အောင် ငြိမ်း ချမ်း ဖို့ ပဲ လုပ် ချင်တယ် လေ။
စစ်မြေပြင်မှာ ငါနှင့်ရန်သူ
တူသောဆန္ဒရှိကြ၏။
ဒီစာသားလေးကိုဖတ်ရင်း-အတွေးတွေဖြန့်ကျက်နေမိတယ်
ရုရှားလိုဆိုထားပေမယ့်လည်း ဘာသာပြန်ထားတာတွေ
အသံရှင်ရဲ့ ဂရုဏာသံ ရယ်--စစ်ရဲ့ သင်္ကေတတွေရယ်---
အားလုံးကို ဂရုဏာသက်ဖွယ်ခံစားရင်း-ကြေကွဲနေမိတယ်--
အော်--ကျမ-----မျက်ရည်စို့နေပါပေါ့လား---
သီချင်းနားထောင်ချင်ပေမယ့် အဆင်မပြေလို့မထောင်ဖြစ်တော့ဘူး။ စာသားလေးကလည်း ကောင်းပါတယ်။ မေးနဲ့ ပို့ လို ရရင် ပို့ လိုက်။
ဒီဟာလေး ဘယ်မှာလဲ မသိဘူးကြည့်ဖူးတယ်ဗျ
စစ်လား ဘယ်တော့မှမပြီးဘူး။ လူတွေရှိနေသမျှ
ကာလပါတ်လုံး စစ်ဆိုတာ မပြီးဘူး။
ကျွန်တော်ဒီသီချင်းကို You Tube မှာ အမေသီချင်းတွေရှာရင်းနဲ့ တွေ့ ပြီး ကြိုက်လို့ သိမ်းထားတာ ကြာပြီ။ ဘယ်သူဆိုမှန်း၊ ဘာလူမျိုးဆိုမှန်းမသိလို့ ။ အခုတိုက်တိုက်ဆိုင်ဆိုင် သိချင်တာရလိုက်လို့  ကျေးဇူးတင်ပါတယ်ဗျာ။
ဘာသာပြန်ထားတာ တော်တော်ကောင်းတာပဲ။ မူရင်း စာသား မသိပေမယ့် ဘာသာပြန်နဲ့ ခံစားလို့ရပြီ။
ဘာသာပြန်ပေးတဲ့အတွက် သီချင်းလေးက ပို အရသာရှိသွားတယ်...။
စစ်ဆိုတဲ့ စတေးမှုနောက်မှာ ကျန်ရစ်တာတွေဟာ မျက်ရည်စက်တွေပါဘဲ။စစ်အာဏာရှင်များသာ ရီမော ပြုံးရွှင်နေနိုင်ကြပေမဲ့ ပြည်သူနဲ့ရဲဘော်တွေကတော့ ငိုကြွေးနေကြရတာပါ...။
လူအချင်းချင်း နိုပ်စက်ခြင်း ကင်းရှင်းကြပါစေ...။
ကောင်းတယ်ဗျာ။
ရင်ထဲက ထွက်ကျလာတဲ့ စာသားတွေပဲ။
နောက်ခံ ရုပ်ပုံဗွီဒီယိုမှတ်တမ်းတွေကလည်း သက်ဝင်တယ်။
တော်တော်ကောင်းတယ်။ ကြိုက်တယ်။
ကျေးဇူးပါ။
Post a Comment