Where Science and Buddhism Meet (Part 2)

ပုဂ္ဂလသဘောမရှိခြင်း

ဗုဒ္ဓဘာသာမှာ ရှိတဲ့ ဒီသဘောတရားဟာ စကြာဝဠာအတွင်းမှာရှိတဲ့ အရာအားလုံးရဲ့ အပြန်အလှန်ဆက်သွယ်မှု ရှိတယ်ဆိုတဲ့ အမြင်ပါပဲ။ ကမ္ဘာပေါ်မှာ ကျုပ်တို့ သီးခြားသီးခြားဆီ ရှိနေတယ်ဆိုတဲ့ အမြင်ဟာ ထင်ယောင်ထင်မှား ဖြစ်မှုပါပဲလို့ ယူဆထားတယ်။ ကျုပ်တို့နဲ့ စစ်မှန်မှုရဲ့ တကယ့်သဘာဝကတော့ တသားတည်းဖြစ်မှုနဲ့ ပုဂ္ဂလသဘောမရှိမှုပါပဲ။ ဒီအမြင်တွေဟာ ရူပဗေဒနဲ့ ဘယ်လိုကိုက်ညီနေသလဲဆိုတာကို ကြည့်ကြရအောင်...


အပိုင်း(၂)......



Video created by-Gerald Penilla
Translated by-ahlataya




ကိုက်ညီမှု

အိုင်းစတိုင်းက ကွမ်တန်သီဝရီကို လက်သင့်မခံခဲ့ဘူး။ ၁၉၃၅မှာ သူနဲ့သူ့မိတ်ဆွေတွေက EPR အမည်ရ စာတမ်းတစ်ခုကို ပြုစုတယ်။ ရည်ရွယ်ချက်က ကွမ်တန်သီအိုရီကို ချောက်ချမလို့ ဖြစ်ပေမဲ့ ဒီစာတမ်းဟာ ကွမ်တန်ရဲ့ သဘာဝကျမှုကို ပြနိုင်ရုံမက ကွမ်တန်ရူပဗေဒရဲ့ အခြားထူးဆန်းတဲ့ အခြင်းအရာတွေကိုပါ ဖော်ပြလိုက်နိုင်တယ်။ အဲဒါ ဘာလဲဆိုတော့ ကွမ်တန်နှောင်ဖွဲ့မှု( Quantam entanglement) ဆိုတာပဲ။

အမှုန် နှစ်ခုအပြန်အလှန် ချိတ်ဆက်မိချိန်မယ် ဒီနှစ်ခုဟာ အီတန်ဂယ်-နှောင်ဖွဲ့မှု (entangled) လို့ဆိုရမဲ့ အထူးဆက်နွှယ်မှု သဘောတရားတစ်ရပ် ဖြစ်ပေါ်သွားတယ်။ အဲဒီနှောင်ဖွဲ့ထားတဲ့ အမှုန်နှစ်ခုထဲက တစ်ခုကို လေ့လာတိုင်းတာရင် တိုင်းတာခံရတဲ့ အမှုန်ဟာ ဒုတိယ အမှုန်ရဲ့ အပြုအမူအတိုင်း အတိအကျ တစ်ပုံစံတည်း တုံ့ပြန်ပြုမူတယ်လို့ ဆိုရမယ်။ ဘယ်လောက်ပဲဝေးနေပါစေ အခန်းတစ်ခန်းစာ ပဲခြားနေနေ စကြာဝဠာပဲခြားနေနေ ဒီအတိုင်းတစ်ပုံစံတည်း ပြုမူပါတယ်။



အိုင်းစတိုင်းကတော့ ဆန်းကြယ်လွန်းလို့ ဒီအဖြစ်အပျက်ကို အဝေးကထမင်းလုံးတစ္ဆေလှမ်းခြောက်ခြင်းအပြုအမူ (spooky action at a distance) လို့ခေါ်လိုက်တယ်။ ဒီလောက် အံ့စရာကောင်းတာကို ခင်ဗျား နားလည်နိုင်ဖို့ နှောင်ဖွဲ့မှု သဘောတရား ဖြစ်နေတဲ့ ဘက်စကတ်ဘောလုံးနှစ်လုံးကို မြင်ယောင်ကြည့်ပေးပါ။ အဲဒီဘောလုံးနှစ်လုံးဟာ ဘယ်လောက်ပဲကွာဝေးပါစေ အစစအရာရာမှာ တစ်ထပ်တည်း ပြုမူနေကြပါတယ်။ ပေပေါင်းများစွာပဲ ဝေးဝေး အလင်းနှစ်များစွာ ပဲဝေးဝေး နှောင်ဖွဲ့မှု-အီတန်ဂယ် အတွင်းမယ် က အမှုန်တွေဟာ နှစ်ခုသုံးခု စတဲ့ ဗဟုသဘော မဆောင်ဘဲ တစ်ခုတည်း အနေနဲ့ကို ပြုမူနေကြပါတယ်။ အကွာအဝေးကြားက ထူးခြားတဲ့ ဒီ အပြုအမူဟာ ကာလဒေသ ဘယ်လိုပဲ ခြားနားခြားနား ဒီအမှုန်တွေ ဒီလိုပဲ အမြဲတမ်းဆက်နွှယ်နေတယ် ဆိုတာကိုပြတယ်။

ကျုပ်တို့ ဘစ်ဘန်း-ပေါက်ကွဲမှု မတိုင်မီက ဧက၀ုစ်သဘောကို ပြန်ကြည့်မယ်ဆိုရင် ကျုပ်တို့ရဲ့ စကြာဝဠာကြီး တစ်ခုလုံးကို အက်တမ်တစ်လုံးထက် သေးငယ်တဲ့ ပွိုင့်လေးထဲ ပြည့်သိပ်ထည့်ခဲ့တာကို တွေ့မယ်။ ကျုပ်တို့သိရမှာက ကျုပ်တို့သိမြင်တဲ့ ရုပ်ကလာပ်စည်းတွေနဲ့ စွမ်းအင်တွေ အားလုံးဟာ နှောင်ဖွဲ့မှုသဘော အပြန်အလှန် ဆက်နွှယ်မှုသဘောမှာ ရှိနေတယ် ဆိုတာကိုပဲ။
ကွမ်တန်-အီတန်ဂယ် ဖွဲ့နှောင်ဖွဲ့မှု သဘောတရားက စကြာဝဠာအတွင်း ပုဂ္ဂလသဘောမရှိခြင်း သစ္စာကို ရှုမြင်နေတော့တယ်။

ကွမ်တန်စက်ကွင်း

ကျုပ်တို့ဟာ အက်တမ်အားလုံးကို ဆက်သွယ်ထားတဲ့ စွမ်းအင်ပင်လယ်ထဲမှာ ဖြစ်တည်နေကြရတာဗျ။ သူက ဒီဗီဒီယိုကို ဖန်တီးတဲ့အက်တမ်မှသည် ကြယ်တာရာတစ်ခု မွေးဖွားတဲ့ အက်တမ်အထိကို စကြာဝဠာ ထုတ်ချင်းခတ်လို့ ဆက်သွယ်ထားလေရဲ့။ ဒီစက်ကွင်းဟာ ကာလဒေသနှံ့ပြား စုံလင်အောင် ပျံ့ရင်းနှံ့ရင်း အပြန်အလှန် ဆက်နွှယ်မှု ကွန်ယက်ကြီး ဖြစ်လို့နေတယ်။ ကွမ်တန်စက်ကွင်း ဆိုတာဗျာ -သတ္တ၀ါတွေ၊ စွမ်းအင်တွေ ၊ ရုပ်ဓာတ်တွေ အားလုံးကို စုစည်းပြီး တစ်ခုတည်းသော စနစ်ကြီးဆီကို ဆက်သွယ်ပေးရတဲ့ ကွန်ယက်ကြီးရယ်ပါ။ ကျုပ်တို့သိမြင်သမျှသော အရာတိုင်းမှာ တစ်ခုတည်းသော ဆက်နွှယ်မှုရင်းမြစ် ဆိုတာ ရှိနေပါတယ်ဗျာ။

(မှတ်ချက်။ ။ Quantum entanglement ကို အလွယ် ရှင်းပြသော ဗီဒီယိုကို ကြည့်လိုပါက ဒီနေရာကိုနှိပ်ပါ။ Click here!)

စိတ္တသဘောနဲ့အမှန်တရား
ဗုဒ္ဓ၀ါဒနဲ့အခြားရှေးဟောင်းအယူအဆတွေမှာ စိတ်ဟာ အစစ်အမှန်ရဲ့ ဗဟိုချက်ဖြစ်တယ်။ စိတ်ဟာ အစစ်အမှန်ရဲ့ အစိတ်အပိုင်း တစ်ခုမျှမဟုတ်ဘဲ အစစ်အမှန်ဆိုတာကို ဖန်တီးတဲ့ တကယ့်သဘာဝလည်း ဖြစ်တယ်။ ကျုပ်တို့ အိပ်မက်မက်တဲ့ သဘောအတိုင်း စိတ်ဟာ ကျုပ်တို့ရဲ့ အိပ်မက်လောကကို ဖန်တီးလေတယ်။ စိတ်က ပြဋ္ဌာန်းသော လောက ဆိုတဲ့ အယူအဆဟာ အရှေ့တိုင်းယဉ်ကျေးမှုကနေ ပေါက်ပွားလာတယ်လို့ ဆိုသင့်တယ်။ တကယ်ကတော့ အရာခပ်သိမ်းဟာ စိတ်ပါ။ ဗုဒ္ဓပွင့်ထွန်းတော်မူပြီး နှစ်ပေါင်း ၂၅၀၀ လောက်ကြာတဲ့ အခါမယ်တော့ ကွမ်တန်ရူပဗေဒဆရာတွေဟာ ဒီအမှန်တရားကို ရှာဖွေတွေ့ရှိခဲ့တော့တယ်။

ရုပ်ကလာပ်စည်းအားလုံးဟာ စွမ်းအားသတ္တိ ကနေစပြီး စွမ်းအားသတ္တိ ကြောင့်သာ ဖြစ်တည်နေကြတာ။ ဒီသတ္တိ ရဲ့ နောက်ကွယ်မှာ ၀ိဥာဏသဘော သို့မဟုတ် အသိစိတ်သဘော ရှိတယ်လို့ ယူဆရမယ်။ စိတ်ဟာ အရာခပ်သိမ်းကို တည်ဆောက်တဲ့ အရာဖြစ်တယ်။-- မာ့က်စ်ပလန့်ခ်(MARX PLANCK) --

ကိုက်ညီမှု
မရေရာမသေချာမှုဥပဒေသ(Uncertainity principle)
ကျော်ကြားတဲ့ ဂျာမန်ရူပဗေဒဆရာ ၀ါနာဟိုင်ဆင်ဘတ်ဂ်က ကျုပ်တို့အပေါ် သက်ရောက်နေတဲ့ အနုမြူလောကကို လေ့လာရင်းနဲ့ ဒါကိုသိသွားတယ်။ အီလက်ထရွန်တစ်လုံးရဲ့ အလျင် (Speed)နဲ့နေရာ (Locality) ကိုလေ့လာတဲ့ အခါမှာ တပြိုင်နက်တည်း နှစ်မျိုးလုံးကို သိဖို့ မဖြစ်နိုင်ဘူးဆိုတာကို သူသဘောပေါက်ခဲ့ရတာ။ အီလက်ထရွန်ရဲ့ အလျင်ကို တိုင်းတာနေချိန်မှာ ၄င်းရဲ့သတ်မှတ်အပ်တဲ့ နေရာဆိုတာမရှိဘူး။ အီလက်ထရွန်ရဲ့ နေရာကို တိုင်းတာရင် ၄င်းရဲ့ သတ်မှတ်အပ်တဲ့ အလျင် ဆိုတာမရှိတော့ဘူး။ သူက ဒါကို မရေရာမသေချာမှုဥပဒေသ (Uncertainity principle) လို့ ခေါ်တယ်။
ကျနော်တို့ တွေ့တာ (0bserve လုပ်တာ) တွေဟာ တကယ့် သဘာဝတရား မဟုတ်။ ကျနော်တို့ အသုံးပြုတဲ့ အဖြေရှာနည်းတွေ ကဖော်ညွှန်းလိုက်တဲ့ (တဆင့်ခံ) သဘာဝတရားသာလျှင် ဖြစ်တယ်။--၀ါနာ.ကားလ်.ဟိုင်ဆင်ဘက်ဂ်-
ဒီအဖြစ်ဟာ ကျုပ်တို့နားလည်နိုင်စွမ်းမရှိတာ ဒါမှမဟုတ် ပစ္စည်းတွေမကောင်းလို့ဖြစ်တာ ရယ်လို့ မပြောရဘူးဗျ။ အီလက်ထရွန် တွေရဲ့ မရေရာမှုသတ္တိကို ဖော်ညွှန်းပြနေတာပါ။ လေ့လာခြင်း ကိုယ်နှိုက်ဟာ အစမ်းသပ်ခံပစ္စည်းနဲ့ တကွ အဟုန်ရဲ့ တည်နေရာ သတ်မှတ်ချက်တွေကို စွက်ဖက် ပတ်သက် နေတာပါဗျာ။ တကယ်တော့ အစစ်အမှန် ဆိုတဲ့ဟာကို ကျုပ်တို့ရဲ့ စိတ္တသဘောက လေ့လာဖွင့်ဆို နေတော့တာပါ။ ရူပဗဒပညာရှင် ဂျွန်ဝီလာ ကဆိုရင် ဒီလေ့လာခြင်း (observation) ဆိုတဲ့ အသုံးအနှုန်းကိုတောင် ကွမ်တန်သီအိုရီရဲ့ အညှာအတာမဲ့ ဖြစ်ရပ်အနေနဲ့ ၀င်ရောက်စွက်ဖက်သူ (participator) ရယ်လို့ ကင်ပွန်း တပ်ထားတော့တယ်။


နှစ်လွှာကွဲစမ်းသပ်မှု(Double-slit experiment)
ဒီစမ်းသပ်မှုက မူလက အလင်းရဲ့ သဘာဝကို စမ်းတာ။ နောက်မှ အိုင်းစတိုင်းရဲ့ ကွမ်တန်နဲ့ ကျုပ်တို့ရဲ့ နားလည်မှုတွေကို တော်လှန်ပစ်တဲ့ဟာ။ စမ်းသပ်မှုမှာ အမှုန်(particles)တွေနဲ့ အမှုန်ဖမ်းစလစ်ပြား သုံးပြား ပါတယ်။ အမှုန်တွေ ကို ပစ်လွှတ်ပြီး ဒီဘက် စလစ် အတားအဆီးကိုဖြတ် ဟိုဘက်က စလစ်ပြား ပေါ်ကျရောက်ပုံကို မှတ်တမ်းတင်တယ်။ ပညာရှင်တွေ တွေ့တာကတော့ အံ့စရာပါပဲ။



အစိုင်အခဲအသွင်နဲ့ စတင်လှုပ်ရှားတဲ့ အမှုန်တွေဟာ နောက်တော့ လှိုင်းအသွင် ဆောင်လို့ဗျ။ သူတို့ ရဲ့ လှုပ်ရှားပုံဟာ သူတို့ကို အကဲခတ်တယ်(obversed)၊ မခတ်တယ်(unobserved)ပေါ်မူတည်ပြီး မြင်ရတာ။ အကယ်၍ (သူတို့ လှုပ်ရှားမှုနောက် တကောက်ကောက် လိုက်ပြီး) အကဲမခတ်ဘူးဆိုပါစို့။ ဒါဆို ဒီအမှုန်တွေဟာ သဘာဝလွန်သဘော အနန္တသဘောကို ဆောင်ပြလိမ့်မယ်။ (တကောက်ကောက်) လိုက်ကြည့်ရင်တော့ တိကျတဲ့နေရာနဲ့ တိကျတဲ့ ဖြစ်နိုင်ချေရှိသယောင် ဆောင်ပြလိမ့်မယ်။

ဒီ လက်တွေ့စမ်းသပ်မှုကို သီအိုရီဆန်ဆန် ခင်ဗျားစမ်းကြည့်လေ။ ဘေ့စ်ဘောတွေ စလစ်ပြားဆီ ပြေးသွားတာကို လိုက်ကြည့်ရှုမိတာနဲ့ ဒီဘက်က စလစ်ပြားကို ကျော်ပြီး ဟိုဘက်က စလစ်ပြားဆီမယ် ဒီကောင်တွေ နေရာအတည်တကျ သွားကျတာကို တွေ့မှာပဲ။ (ပုံကိုကြည့်ပါ)


လိုက်သာအကဲမခတ်မိရင်တော့ ဘေ့စ်ဘောတွေဟာ စလစ်ပြားတွေကို ကျော်ဖြတ်ပြီး အင်တာဖီးယား-အဆင်ဆန်းပုံစံ (interference pattern ) ကို ဆောင်ပြပါလိမ့်မယ်။ (ပုံကိုကြည့်ပါ။)


တနည်းဆိုရရင် လိုက်အကဲမခတ်ခြင်း အခြေအနေမှာ ဘေ့စ်ဘောတွေဟာ လှိုင်းအသွင်ဆောင်ပြီး စလစ်ပြားအားလုံးကို တစ်ပြိုင်တည်း ရိုက်ခတ်တာကို တွေ့ရမယ်။ ဘေ့စ်ဘောရဲ့ နေရာကိုရှာတာမှာ ခင်ဗျားရဲ့ စိတ္တသဘောဟာ အရာအားလုံး ဖြစ်ပြီး အခရာလို့တောင် ပြောနိုင်လေတယ်။ ဒီစမ်းသပ်မှုတွေကို အကြိမ်ထောင်ချီလုပ်ပြီး ရလာဒ် တစ်ခုတည်း ရတယ်။ အကြီးဆုံးဖြစ်တဲ့ Carbon-80 မော်လီကျူးနဲ့ စမ်းတယ်။

အစစ်အမှန်လို့ ထင်တာတွေဟာ သူ့ကို ပြဋ္ဌာန်းသက်မှတ်တဲ့ စိတ္တသဘော မပါဘဲ တည်မနေဘူးဗျ။ စိတ္တသဘောသာ မပါရင်တော့ အစစ်အမှန်ဟာ အနန္တဂုဏ်သတ္တိ တစ်ရပ်အနေနဲ့သာ တည်နေတာပါ။ ကွမ်တန် ရူပဗေဒ သမားတွေက လွန်ခဲ့တဲ့ နှစ်၂၀၀၀ ကျော်က ဆိုခဲ့ဖူးတဲ့ "အမှန်တရားဟာ စိတ်ရဲ့အတက်အလက်" ဆိုတဲ့ ဟာကို ဖွင့်ချပြလိုက်တယ်။

(မှတ်ချက်။ ။ Double-slit experiment ကိုရှင်းပြသော ဗီဒီယိုကိုကြည့်လိုပါက ဒီနေရာကို နှိပ်ပါ။ Click here)
နိဂုံးကမ္ပနဲ့ကောက်ချက်
သိပ္ပံနဲ့ နာမ်ဝါဒ ကြားက မျဉ်းကြောင်းတွေဟာ ဘယ်တုန်းကမှ မကျယ်ပြန့်ခဲ့ဖူးဘူး။ အယူအဆတွေ ပြောင်းလဲလာသလို နာမ်တရားတွေ မရေရာမှုတွေကနေ ဝေးရာကိုပြေးဖို့ကြိုးစားတဲ့ သိပ္ပံလေ့လာရေး ဟာ ကျုပ်တို့ကို ကောင်းကင်ဘုံ ရဲ့တံခါးဝနား ချထားဖို့ကျတော့ လူ့သမိုင်းတစ်လျှောက် ဘယ်အခါကမှ မတက်ကြွခဲ့ဖူးပါဘူး။ ကောင်းကင်ဘုံကို ပေးမဲ့ တံခါးဝဆိုတာဟာ ကျဉ်းမြောင်း ချုပ်ခြယ်မှုတွေကို အတိတ်မှာထားခဲ့လို့၊ သစ်လွင်တဲ့ ကမ္ဘာတိုင်းနိုင်ငံအဖြစ် ပေါင်းစည်း လို့၊ ၂၁ရာစုရဲ့ အယူအဆသစ်ကို ဖန်တီးထားတဲ့၊ ပျော့ပြောင်းနားလည်မှုရှိတဲ့ လူမှုအဖွဲ့အစည်းဆီကို ရွှေ့ပြောင်းသွားပါပြီ။

ဒီအယူအဆ ဖြစ်မြောက်ဖို့အတွက် ကျုပ်တို့မှာ မေးခွန်းတွေထုတ်လိုတဲ့ ဆန္ဒရှိဖို့လိုမယ်။ ကျုပ်တို့ရှိရင်းစွဲ လောကအမြင်ရဲ့ အခြေအမြစ်ကို ဖြိုလှဲပစ်လိုတဲ့ ဆန္ဒရှိရမယ်။၊ ဖွင့်ထားတဲ့စိတ်နဲ့ အစစ်အမှန်ရဲ့ တကယ့်သဘာဝကို လေ့လာလိုတဲ့ ဆန္ဒရှိဖို့ လိုအပ်မှာ ဖြစ်တော့တယ်။

အပြီးသတ် ကောက်ချက်ကတော့ ကျုပ်တို့လက်ထဲမှာ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ တကယ့်ပြောင်းလဲမှုမျိုးဟာ ကျုပ်တို့ထဲမှာပဲ ဖြစ်နိုင်တာ မို့ပါ။ နောင်လာ နောက်သားတွေ အတွက် အားလုံးဟာ အမုန်းမပါ မေတ္တာတည်းဟူသော၊ ကွဲပြားမှုမပါတဲ့ ညီညွတ်မှုတည်းဟူသော၊ ပဋ္ဋိပက္ခမဟုတ်တဲ့ သစ္စာတည်းဟူသော လောကအမြင်သစ်မှာ နိုးထနိုင်ကြစေ။

သူငှာသတ္တ၀ါ စိတ်ချမ်းသာကြပါစေ။ ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ။ ချမ်းသာခြင်းမှ မကင်းကြပါစေနဲ့။ တန်းတူညီမျှကြပါစေ။ မုန်းတီးကွာကွင်း၍ မေတ္တာကြိုးချင်း ချည်ရစ်ကြပါစေ။

Video created by-Gerald Penilla
Translated by-ahlataya

8 comments:

မသက်ဇင် said...

နောင်လာ နောက်သားတွေ အတွက် အားလုံးဟာ အမုန်းမပါ မေတ္တာတည်းဟူသော၊ ကွဲပြားမှုမပါတဲ့ ညီညွတ်မှုတည်းဟူသော၊ ပဋ္ဋိပက္ခမဟုတ်တဲ့ သစ္စာတည်းဟူသော လောကအမြင်သစ်မှာ နိုးထနိုင်ကြစေ။

အလှတရားရေ
သေချာဖတ်ပြီး သာဓုခေါ်သွားပါတယ်
အစစအရာရာအဆင်ပြေပါစေ

ဖိုးစိန် said...

အကိုရေ..
အကိုရေးတဲ့စာတွေက ခဏလေးနဲ့ဖတ်လို့မရတဲ့စာမျိုးပါ
ကျနော် စိတ်အေးဆေးပြီး နေသာတဲ့ ဒီလိုညမျိုးမှ ဖတ်တာပါ
ဖတ်ရတာ အသိတရားတွေ ဗဟုသုတတွေ အများကြီးရပါတယ်အကို
အကိုလဲနေကောင်းအောင်နေနော်
ခါးနားတယ်ဆိုတာကတယ်လား
နေကောင်းပျော်ရွှင်ပါစေနော်
အမြဲတမ်း သတိတရ ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

WWKM said...

လာသွားတယ်..ဖတ်သွားတယ်.. ဒီတခါတော့ဘာမှမ
ပြောပဲပြန်သွားတယ်။

ဘာမှမပြောဆို ဘာမှမသိလို့လေ.း)

ဆက်လုပ်ဆက်လုပ်.

အိမ် said...

ဆားရေ အတော်တော့ ကြိုးစားနားလည်လိုက်ရတယ်ဗျာ.. လူပြိန်းလို့ပဲ ဆိုချင်ဆို သိပ်နားမလည်တာတော့ အမှန်ပဲဗျ..။
ဟိ.. ဆားတို့လို ဆားမဟုတ်တော့လဲ နားမလည်တာကို ခွင့်လွှတ်နိုင်မယ် ထင်ပါတယ်။

မသက်ဇင် said...

အလှတရားရေ
ထပ်လာဖတ်တယ်နော်
ပျော်ရွှင်ပါစေ

poemflower said...

စာလာဖတ်ပါယ် ကိုအလှတရား နည်း၂တော့မြင့်တယ်နော်

Upasaka said...

Great post & Great works!

ကဗျာဦး said...

လာဖတ်တယ်ရှင့်
၃-၄ ခေါက်လောက်ဖတ်ယူရတယ်
ဒါတောင် ရေးရေးပဲ
အဟီးးးးးးးးးးးးးးးးး
ဥာဏ်မကောင်းဘူး