Image by Rescue Dog via Flickr
Pandemic Alert Level 6( ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတပ်လှန့်မှုအဆင့်၆) ဟုကြေညာသည်။ ယင်းအဆင့်သည် ကပ်ရောဂါ (Pandemic)ဟု ခေါ်ဆိုရသော အဆင့်ဖြစ်ပြီး အဆင့်ခြောက်ဆင့်ရှိသော သတ်မှတ်ချက်တွင် နောက်ဆုံးအဆင့် ဖြစ်သည်။ Click here for more!
Pandemic timeline
မြန်မာနိုင်ငံ၏ ပထမဆုံးရောဂါစစ်ဆေးတွေ့ရှိ သတင်းပို့သော နေ့စွဲမှာ ၂၇ ဇွန် ၂၀၀၉ ဖြစ်သည်။
ထိုင်းနိုင်ငံ၏ ပထမဆုံးလူနာ ၂ ဦး သေဆုံးခြင်း သတင်းပို့သော နေ့စွဲမှာလည်း ယင်းနေ့ ၂၇ ဇွန် ၂၀၀၉ ဖြစ်သည်။ Click here for more!
ဓာတ်ခွဲခန်းအတည်ပြုရောဂါရှိလူဦးရေ
-ရောဂါစစ်ဆေးတွေ့ရှိသော ကေ့စ် စုစုပေါင်းမှာ ယနေ့အထိ -၈၈,၄၀၉
-သေဆုံးမှု ကေ့စ် ယနေ့ထိ-၄၃၃
-သေပျောက်နှုန်း-၀.၅ရာခိုင်နှုန်း (နှိုင်းယှဉ်ချက် ၁၉၁၈ ကပ်ရောဂါအသွင်တုပ်ကွေး သေပျောက်နှုန်း ၂.၅ရာခိုင်နှုန်း/ သန်း၂၀မှသန်း၁၀၀)
အမေရိကန်ပြည်ထောင်စုက ရောဂါစစ်ဆေးတွေ့ရှိမှု ကေစ့် ၃၀၈၃၆ နှင့် သေဆုံးမှုကေ့စ် ၁၈၆ ဖြင့် ထိပ်ဆုံးတွင် ရှိနေသည်။
သေဆုံးမှုလုံးဝမရှိသော နိုင်ငံများမှာ ဂျပန်၊နယူးဇီလန် စသော နိုင်ငံများ နှင့် နိုင်ငံပေါင်း ၁၀၀ ကျော်ခန့်ပါဝင်သည်။ Click here for more!
ဝက်သားစားခြင်း
ချက်ပြုတ်ပြီးစားပါက ရောဂါကူးနိုင်ခြင်းမရှိ။
ရောဂါလက္ခဏာနှင့် ကာကွယ်နည်းများ
ရောဂါလက္ခဏာသည် တုပ်ကွေးနှင့် တူသော်လည်း ပြင်းထန်သော လက္ခဏာများလည်း ပို၍ ဖြစ်ကောင်း ဖြစ်နိုင်သည်။ သာမန်အအေးမိခြင်းနှင့် ခွဲခြားရန်လိုအပ်သည်။ သာမန်အအေးမိခြင်းမှ ကွာခြားချက်ကို အောက်တွင်ကြည့်ပါ။

ချောင်းဆိုးလျှင် တစ်ရှူးကို အသုံးပြုရမည် ၊ နှာခေါင်းစည်းများ၊ မျက်မှန်များ ကို အသုံးပြုရမည်ဟု နားလည်နေကြသော်လည်း လက်ကိုဆပ်ပြာနှင့် မကြာခဏဆေးခြင်း လက်ကို အရက်ပျံဖြင့် ပိုးသတ်ခြင်း ကိုလည်း ပြုလုပ်ရန်လိုသည်။
အိမ်တွင်းဆေးကုသနည်း
အနားယူခြင်း၊ အရည်ဓာတ်ဖြည့်တင်းခြင်း၊ စွပ်ပြုတ်နှင့် ကြေလွယ်သော အစားအသောက်များကို စားခြင်း။
လူကြီးများအတွက် Asprin သည် ဝေဒနာသက်သာရန် ထိရောက်သော်လည်း ကလေးများအတွက် ဆရာဝန်ညွှန်ကြားချက်မပါဘဲ သောက်ပါက အန္တရာယ် ရှိသည်။
ဗိုင်းရပ်စ်သတ်ဆေး
2009 H1N1 swine flu virusအတွက် oseltamivir (Tamiflu) နှင့် zanamivir (Relenza)ကို အသုံးပြုနိုင်သည်ဟု ကြေညာထားသော်လည်း သက်ဆိုင်ရာနိုင်ငံအလိုက် ရောဂါဆိုးဝါးအဆင့်နှင့် ရောဂါနောက်ဆက်တွဲများ ရှိမှ အသုံးပြုရမည်ဟု ဆေးပညာကျွမ်းကျင်သူများက အတည်ပြု ပြဋ္ဌာန်းထားသည်။
ကာကွယ်ဆေး(Vaccine)
ယခုလောလောဆယ် မရရှိနိုင်သေးပါ။
ကပ်ရောဂါဟုကြေညာခြင်း
WHO က ကပ်ရောဂါဟု ကြေညာခြင်းသည် အရေးပေါ်အခြေအနေပြင်ဆင်ရန် လိုသည်ဟု ဆိုလိုရာရောက်သော်လည်း အချို့က ပြင်းထန်ဆိုးရွားမှုအဆင့် အလယ်အလတ်သာ ရှိသည်ဟု ဆိုကြသည်။ နောက်ဆက်တွဲအားဖြင့် ဖြစ်လာနိုင်သည်မှာ နိုင်ငံကူးခြင်းများကို ပိတ်ပင်ခြင်း၊ နိုင်ငံကူးလာသူများကို ရက်ပိုင်းမျှ ခေတ္တစောင့်ကြည့် ထိန်းသိမ်းထားခြင်းများ ဖြစ်လာနိုင်သည်။ ဤသို့ ထိန်းသိမ်းကန့်သတ်ခြင်းသည် အကျိုးနှင့်အပြစ် ခြားနားခြင်း သိပ်မရှိသဖြင့် ကန့်သတ်ရန် မလိုအပ်ဟု ကျွမ်းကျင်သူများက ပြောကြသော်လည်း အချို့နိုင်ငံများမှာ ဤအတိုင်း ပြုနေခဲ့ကြသည်။
အရေးပေါ်အခြေအနေ
ကပ်ရောဂါ(Pandemic) ဟုကြေညာပါက အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ရန် ထုတ်ပြန်ကြေညာရမည် ဖြစ်သည်။
H1N1_Pandamic Flu Bro-Myan
ကမ္ဘာ့လူတုပ်ကွေးရောဂါ သိကောင်းစရာများ (ကျန်းမာရေးဝန်ကြီးဋ္ဌာနမှ Pamphlets များ)

pamphlets များကို world vision မှ တောင်းယူပါသည်။
unicef ထုတ်ပြန်ချက်ကို http://khunmyahlaing.blogspot.com/2009/07/unicef-ah1n1.html မှ ယူပါသည်။








3 comments:
ဆက်လက် ဖြန့်ဝေပေးနေ ပါသည်။
ငြိမ်းချမ်းပါစေ။
နေ့ နံနက် ၁၁ ရာရီ သတင်း အရ စင်င်္ကာပူ မှာ ၉၆၉ ယောက်ရှိပါပြီ။ ဆေးဝါးလုံလောက်လို့ ကုသကင်းပျောက် ပြီး ဆေးရုံကဆင်းသွားတဲ့ လူနာတွေရဲ့ သတင်းလည်းဖတ်ရပါတယ်။
မြန်မာနိုင်ငံမှာ ကုသဖို့ ဆေးဝါး အမျိုးစား အမှန်သိစေဖို့ နှင့် ဘယ်မှာရနိုင် လဲဆိုတာ ဖော်ပြပေးနိုင်မလားခင်ဗျာ။
မြန်မာတွေရဲ့ ဝသီအရ ရောဂါ အခြေနေ အမြင့်ဆုံး ၊ အဆိုးရိမ်ရဆုံး အခြေနေရောက်မှ ဆေးရုံ ပြေးတဲ့လို့ စိုးရိမ်ရပါတယ်။
အိမ်မှာနေပြီးကု ဆိုပေမယ့် ဘာဆေးနှင့် ကုရမှာလဲ၊ ဘယ်လိုရွေးချယ်ရမလဲ ၊ ဘယ်မှာရနိုင်မလဲ ဆိုတာ သိစေချင်ပါတယ်။
ကောင်းပါပြီ။ ပိုစ့်တစ်ခုနဲ့ ဖြေပေးပါ့မယ်။
Post a Comment