သာသနာကိုတစ်ဖက်တစ်လမ်းမှစောင့်ရှောက်နေသည့်ဝေဖန်ရေးစာအုပ်များ

တရားပိုင်ရှင်ဖြစ်တော်မူသော မြတ်စွာဘုရားအား ရှိခိုးပါ၏။ တရားတော်များအားရှိခိုးပါ၏။ သံဃာတော်များအား ရှိခိုးပါ၏။


"ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏အပြစ်ကို ဖြစ်စေ၊ တရား၏အဖြစ်ကို ဖြစ်စေ၊သံဃာ၏အပြစ်ကို ဖြစ်စေ ပြောကြလျှင် ထို(ပြောကြရာ၌) သင့်တို့သည် ရန်ငြိုးထားခြင်း၊ နှလုံးမသာခြင်း၊ စိတ်မကျေနပ်ခြင်း မဖြစ်စေသင့်။"

"ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏အပြစ်ကိုဖြစ်စေ၊ တရား၏အပြစ်ကို ဖြစ်စေ၊ သံဃာ၏အပြစ်ကိုဖြစ်စေ ပြောကြရာ၌ သင်တို့သည် အမျက်ထွက်ကြလျှင် နှလုံးမသာကြလျှင် သင်တို့အားသာလျှင် အန္တရာယ်ဖြစ်ရာ၏။"

"ရဟန်တို့သူတစ်ပါးတို့သည် ငါ၏အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏အပြစ်ကိုဖြစ်စေ ပြောကြရာ၌ သင်တို့သည် အမျက်ထွက်ကြလျှင် နှလုံးမသာကြလျှင် သင်တို့သည် သူတစ်ပါးတို့၏ စကားကောင်း စကားဆိုးကို သိနိုင်ပါမည်လော။"

"မသိနိုင်ကြပါ အရှင်ဘုရား။"

"ရဟန်းတို့၊ သူတစ်ပါးတို့သည် ငါ၏အပြစ်ကိုဖြစ်စေ တရား၏အပြစ်ကို ဖြစ်စေ သံဃာ၏အပြစ်ကိုဖြစ်စေ ပြောကြရာ၌ ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်။ ဤအကြောင်းကြောင့်လည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိဟု မဟုတ်သည်ကို မဟုတ်သည့်အတိုင်း သင်တို့ဖြေရှင်းရမည်။"

(ဒီ။ မြန်၊၁၊၁၁) ဒီဃနိကာယ် ဗြဟ္မဇာလသုတ်



သာသနာကိုတစ်ဖက်တစ်လမ်းမှစောင့်ရှောက်နေသည့်ဝေဖန်ရေးစာအုပ်များ

လာခြင်းကောင်းသောအရှင်( မစိုးရိမ်စာသင်သား- ဒဿနခရီးစဉ်တွင်ဖော်ပြထားမှု link ထည့်သွင်းထားခြင်း)
ဥပေက္ခာမရှိသောနှလုံးသား(အရှင်နာရဒ(ဟိုပင်)-ဒဿနခရီးစဉ်တွင်ဖော်ပြထားမှု link)


သာသနာအရှည်တည်တံ့ရေးအတွက် ကြောင့်ကြစိုက်၍ မိမိစွမ်းသည့်ဘက်က အမှားအမှန်များကို ဝေဖန်ချီးမြှင့်ရေးသားခဲ့ကြ ရေးသားနေဆဲဖြစ်ကြသည့် ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်များအား ကျေးဇူးတင်စွာဖြင့် ဦးတင်ကန်တော့ပါသည်။
ဗုဒ္ဓမြတ်စွာသာသနာကို တတ်နိုင်သမျှ စောင့်ရှောက်ခွင့်ရသဖြင့် မိမိ၏စိတ်ကို ကောင်းစွာစောင့်ရှောက်နိုင်ပြီး အလိုရှိအပ်သော နိဗ္ဗာန်ချမ်းသာသို့ လျင်မြန်စွာ ရောက်ရပါလို၏။

6 comments:

ဦးလောကနာထ said...

သာဓုခေါ်ပါတယ် ဒကာလေး အလှတရားရေ...

ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာနဲ့ ခန္ဓာ့ဝန်ကို ရွက်ဆောင်နိုင်ပါစေ...

Ashin said...

အရှင်တိက္ခဥာဏာလင်္ကာရ ... တန်ဖိုးရှိတဲ့ စိန်ကောင်း ကျောက်ကောင်းကို ဖော်ထုတ်တဲ့နေရာမှာ ကျောက်ဖြုန်းတွေကို သန့်စင်ပစ်ရတာ ဓမ္မတာပါ၊ အမှားကိုထောက်ပြပြီး အမှန်ပြင်ပေး လမ်းပြပေးသူကို ရွှေအိုးညွှန်ပြသူ အဖြစ်သတ်မှတ်ပါလို့ ဘုရားရှင် မိန့်တော်မူချက်လဲ ရှိတာမို့.. သူတော်စင်တို့က အမှန်ထောက်ပြသူကို လေးစားချီးကျူးနေကျမှာပါ။

ငှက်ငယ်လေး said...

စာလာဖတ်သွားပါတယ်အကိုတော်

shae myanmar said...
This comment has been removed by the author.
shae myanmar said...

ခုလို ဝေဖန်ရေးတွေကို ရဲရဲရေးတဲ့ စာတွေ များများထွက်လာပါစေလို့ ဆန္ဒပြုပါတယ်။
သိပ္ပံနည်းကျ သုတေသနလုပ်ပြီး အဖက်ဖက်က စစ်ထုတ်၊ စီစစ်ဝေဖန်ပိုင်းခြား တဲ့အခါ သာသာထိုးထိုးလုပ်ထားတဲ့ အပိုတွေပျောက်ပြီး " တရားစစ်၊ တရားမှန်" ကိုတွေ့မယ်။
ဒီလိုလုပ်တာဟာလည်း " သာသနာကို စောင့်လျှောက်ခြင်း " မည်ပါတယ်။

AHlaTaya said...

အစ်ကို ရှေးမြန်မာရေ။ သာသနာရဲ့ ကျေးဇူးကသာ သုတေသီများနဲ့တကွ ရဟန်းရှင်လူတို့ အပေါ်မှာ မနှိုင်းသာအောင် များနေတာဖြစ်ပြီး ရဟန်းရှင်လူတို့ရဲ့ ကျေးဇူးက သာသနာအပေါ်မှာ နည်းနည်းပါးပါးပဲ ရှိပါတယ်။
ဒါကြောင့် ကျွန်တော်ရေးသားတဲ့ "ဗုဒ္ဓမြတ်စွာသာသနာကို တတ်နိုင်သမျှ စောင့်ရှောက်ခွင့်ရသဖြင့်" ဆိုတဲ့ အရေးအသားဟာ သာသနာရဲ့ ကျေးဇူးကို တနည်းတဖုံ ဆပ်ရန်ကြိုးစားခြင်းသာဖြစ်ပြီး မစစ်မှန်သေးတဲ့ သာသနာကို စစ်မှန်အောင် သုတေသနလုပ်ပြုခြင်း ဆိုတဲ့ စကားမျိုးကိုတော့ ရည်ရွယ်ပြီးဆိုထားတာ မဟုတ်ကြောင်းပါခင်ဗျား။